နူတ်ခမ်းနှစ်လွှာရဲ့ပုံရိပ်ယောင်
အနမ်းတွေမကုန်အောင်ပစ်ပေါက်
ဘယ်ဘ၀ရောက်ရောက်တဲ့
ကျလည်းကျလောက်ပါရဲ့ …မိရွှေရည်
ဘ၀နဲ့အချစ်နဲ့ …လုံးလားထွေးလား
သကာပျားလို ချိုတဲ့စကားတွေက
ငါ…နားကြားမှားခဲ့တာထင်ပါရဲ့
နင်မချစ်ချင်တော့တဲ့အခါ
ငါကိုသာအပြစ်ရှာအမုန်းဖွဲ့
တက်လည်းတက်နိုင်ပါရဲ့……မိရွှေရည်
ခြေအနုတ်လက်အရုတ်မှာ
နင့်စကားတွေခက်ထန်ကြမ်းရှ
သိပ်လှတဲ့နင့်နူတ်ခမ်းက
အရင်လိုနမ်းတက်သေးရဲ့လား
အရင်လိုနူညံ့သေးရဲ့လား
ရွှေရည်ခက်ရေ….
နင်နေတက်သလိုသာနေလိုက်ပါတော့
ငါဆိုတာနင့်ဘ၀မှာ
တခမ်းတနားမရှိခဲ့ဘူးလေ…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘဝနှင့် အချစ်ကလုံးလားထွေးလား
သကာပျားလိုချိုတဲ့စကားတွေက
ငါ နားကြားမှားခဲတာလား……