မာယာမဲ့ အရှုံး
ကျွဲ ပုခုံးထနေတဲ့ နှလုံးသားကို
သွားကြားထုံးတံလောက်
အမုန်းဒဏ်နဲ့
နဲ့ ထိုးမယ်ဆိုင်တောင်
အစေ့ခွဲပေးလိုက်မယ်
နာ၇ီလက်တံတွေကိုတော့
သွားမခေါက်ပါနဲ့
ငါခြူံထားတဲ့ အတ္တ အရေခွံထက်
မင်းဘ၀ကို ဓါးပြတိုက်မိမှာစိုးလို့ပါ
မာန တစွန်းတစလောက်ပိုင်ရင်တောင်
ငါ လက်မဖြန့်တောင်းဘူး
ဆေးကြောစရာရှိရင်တောင်
မင်းရဲ့ သစ္စာမဲ့ဓါးတချောင်းပဲလိုတယ်
ကြိုက်သလိုမွန်းလိုက်
မင်းဆိုတဲ့ အသိနဲက
ဒါဏ်ရာတွေကို ပွတ်သတ်မနေဘူး
ဘယ်နေရာကထိုးထိုး
သေလောက်မယ်ဓါး
တချောင်းကိုတော့ရွယ်နေစရာ
မလိုဘူးထင်တာပဲ
ap
Comment #2
Hna lone tarr hnit khan sarr twar par de.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရွယ်ပါစေ
သူ့ဆုံးဖြတ်ခွင့်အရပေါ့
ကဗျာတွေက နည်းနည်းပူလောင်တယ်နော်
ဒီတစ်ါတော့