အမေလို့ပဲ ခေါ်ပါရစေ…
အမေ…
ညဆိုတာတွေ ရောက်လာတိုင်း
ကျွန်တော် ဒီအတိုင်းပဲ အိပ်ပစ်လိုက်ရမှာလား အမေ..
အထီးကျန်တဲ့ ကျွန်တော့်ရဲ့ညတွေမှာ
အမေ့ရဲ့ ပုံပြင်ဟောင်းတွေကို လွမ်းတယ်အမေ..
အိပ်မရတော့ ကျောပွတ်ပြီး ချော့သိပ်ခဲ့တဲ့
အမေ့ရဲ့ လက်တွေကို ငံ့လင့်မိတယ် အမေ..
အမေနဲ့ အဝေးဆုံးကိုသွားမယ်ဆိုတော့
ငိုရင်းနဲ့ပြောရှာတယ်..
“ယောက်ျားလေးပဲ ငါ့သားရယ်
ဒေါင်ကျကျ ပြားကျကျ ပေါ့”တဲ့..
အမေ့ကိုပြောပြရင်
ရယ်ချင်ရယ်ရအုံးမယ်..
ဟင်းချက်ထားတဲ့ ကျွန်တော့်ရဲ့ လက်ကို နမ်းတော့
အမေ့ရဲ့ အနံ့တွေရတယ် အမေ..
ကျွန်တော့်ရဲ့ အသားတွေဟာ
အမေ့ရဲ့သွေးတွေဖြစ်လို့
အဲဒီ့အနံ့တွေကို တရှိုက်မက်မက် နမ်းနေတက်ပြီ..
တချို့လူတွေက မေမေလို့ ခေါ်တတ်ကြပေမယ့်
မေမေလို့ခေါ်တာ နှုတ်ဖျားလေးမှာ ပြီးသွားပြီး..
အမေလို့ခေါ်တာက ရင်ထဲက လာတာလို့
သား ခံယူထားလို့ပါ..အမေ..
နောက်ဆုံးထွက်သက်ထိ အမေ့ကို အမေလို့ပဲ
အားရပါးရ ခေါ်ပါအုံးမယ် အမေ။ ။
Eureka (ယူရေကာ)
Comment #2
အိမ်ကိုသာ ခဏဖြစ်ဖြစ်ပြန်လိုက်ချင်မိတော့တယ်…
Comment #1
ခံစားအားပေးသွားပါတယ် … ။
မိဘဆိုတာအနှိုင်းမဲ့ ပါ ။ 🙂