ဇာတာ
ဇာတာများ မကောင်းချင်တော့လဲ
နှစ်နဲ့ ဘေးသုံးတန်း ကြည့်တာတောင်
ရှစ်ဖြစ်ပြီး ဘူကျသွားတယ်
ကိုယ့်ဇာတာကို ကိုယ်ယုံလို့
ဆွဲဖဲတောင် မကြည့်ရဲဘူး
ချစ်သူကတော့ နှစ်သိမ့်ပါတယ်
လမ်းခွဲကြတာ ကောင်းမယ်…တဲ့
တကယ်တော့ ကိုယ့်ဇာတာကိုက
ပီလောပင် ပက်ကျိတက်ဆိုသလို
အမြင့်ရောက်တယ်ကို မရှိသေးဘူး
နေပါစေအုံးကွာ…
အချိန်တန်ရင်တော့လဲ
သဘောင်္စေ့လား ငရုပ်ကောင်းလား
ခွဲခြားသိသွားမှာပါ။ ။
Eureka (ယူရေကာ)
Comment #2
ဇာတာမြန်မြန်ကောင်းစေသတည်း
By: မေပျို at Apr 4, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😀 အားပေးသွားပါတယ်