ခင်ဗျားတို့ နဲ့ ကျုပ်ရင်ဘက်ချင်းတိုက်မယ်
များလာပြီနော် ဒဏ်ရာတွေ
အတိတ်တွေပြန်လည်နာကျင်လာပြီ
သည်းခံမှုသည်
တိတ်ဆိတ်စွာပဲ
အမှောင်မှာပြိုကွဲသွားပြီ … ။
သင်တို့ နှလုံးသားလည်း နာကျင်တတ်သလို
ကျွန်ုပ်ကလည်းနာကျင်မဲ့သူမဟုတ်
တီးတိုးစွာငိုကြွေးတတ်သူမို့ 
ခင်ဗျားတို့ ပေးတဲ့ဒဏ်ရာတွေကို
ကျုပ်ရင်ဘက်ချင်းပဲပြန်တိုက်မယ်
ကျုပ်လည်းသွေးအေးအေးနဲ့  ရက်စက်တတ်ပါတယ် … ။
အထီးကျန်နေတဲ့  ကျွန်ုပ်ရဲ့ နှုတ်ဆိတ်မှုသည်
ခင်ဗျားတို့ အတွက်တော့ ခေါင်းငုံ့ အရှုံးပေးနေတယ်လို့ 
ထင်ကောင်းထင်လိမ့်မယ်
ဒီမှာအမိရယ်
ကျွန်ုပ်လက်စားမချေလိုပါကွယ် …
ဒါပေမဲ့  …
ဒီတစ်ခါမှာတော့ …
ခင်ဗျားတို့ နဲ့ ကျုပ်ရင်ဘက်ချင်းတိုက်မယ် … ။
Comment #4
ခင်ဗျားတို့ နဲ့ ကျူပ်ရင်ဘတ်ချင်းတိုက်မယ်..အားပေးသွားပါတယ်
By: aungpyay at Apr 5, 2013
Comment #6
ဟား ဟား လုံးဝလန်းတယ် ကဗျာက ရင်ဘတ်ချင်းတိုက်မယ်တဲ့
ဖတ်သွားပါကြောင်း ညီလေး ~~
With respect,
RAY
By: X - ray at Apr 7, 2013
Comment #7
>.<
By: ei lay at Apr 7, 2013
Comment #8
I like . . . ^_^
By: Thurein Tun at Jan 13, 2016
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Forget and forgive it .. bro