ကိုယ်ချင်းစာတက်ပြီ
ငယ်ငယ်တုန်းက သင်ဖူးတဲ့
ယမုံနာ မြစ်ကမ်းနံဘေးက
မျောက်ဟာ သူ့အသည်းနှလုံးကို
သဖန်းပင်ပေါ်မှာဆိုတော့
ယုံသွားတဲ့ မိကျောင်းကို
ငါရယ်မောခဲ့ဖူးတယ်
ပျက်ရယ်ပြုခဲ့ဖူးတယ်
အခု ငါ့အသည်းနှလုံး
သူမဆီ ရောက်နေတာကိုတော့
မရယ်မောနိုင်တော့
ပျက်ရယ်မပြုနိုင်တော့
အခုတော့ ကိုယ်ချင်းစာလိုက်ပါတယ်
မိကျောင်းဟာ ငါလိုကောင်ပဲဖြစ်မယ်။ ။
Eureka (ယူရေကာ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အခုတော့ ကိုယ်ချင်းစာလိုက်ပါတယ်
မိကျောင်းဟာ ငါလိုကောင်ပဲဖြစ်မယ်။ ။
မိုက်တယ်