နတ်ဝှက်ထားတဲ့ပုစ္စာ
အလင်းရောင်တစ်ချို့ရဲ့ ၀ိုးတ၀ါးတောက်ပခြင်းမှာ
မိုးရေစက်တွေရဲ့ အလွန်မှာ
ချယ်ရီပန်းတစ်ချို့ မွေးဖွားလာခဲ့တယ်။
အဲ့ဒီမှာပဲ ငါသေဆုံးသွားခဲ့ရ….တယ်။
ချစ်မြတ်နိုးလွန်ရောဂါ..အရပေါ့..။
ဘာဖြစ်လို့လဲ ဆိုတဲ့မေးခွန်းကို
ဘာကြောင့်လဲဆိုတာ..ဘာအတွက်ရှိနေမှာလဲ……
သဘာဝအတိုင်းပေါ့..။
အလွမ်းဆိုတာကို လက်ထပ်သင်ကြားပေးသူလေးရေ……
မျဉ်းဖြောင့်နှစ်ခုရဲ့ ဧရိယာကျကျ ဘ၀နှစ်ခု
ခပ်ပါးပါး..သံယောဇဉ် ချည်နှောင်မှု ဟာ
ပုံစံကျ လွဲချော်မှုမှ ဟုက်ရဲ့ လား..?
မိုးကုက်စက်ဝိုင်းဆိုတာကြီးကို တွေးမိတိုင်း
ဘာသာပြန်မရတဲ့ ခံစားချက်တစ်ချို့ကို
နင့်ဆီပို့ မိပါတယ်…ယုံလား….မသိ။
နေ့ရက်တွေသာ ပြုက်ကျလာတယ်။
နေတွေသာ အပူလွန်လာတယ်.။
ငါချစ်တဲ့ ဆောင်းဥတုပြုယုဒ်လေးကတော့
အဝေးတစ်နေရာမှာ ဝေလို့ကောင်းဆဲ…
ငါ့အတွက်…ဆောင်းရာသီ ပီသတဲ့ ကောင်မလေး
ဝင်လေထွက်လေတိုင်း …နင့်ကို ပဲ သတိရနေမိတဲ့အဖြစ်ဟာ..
အမေးအဖြေမခံရတဲ့…..ပုစ္စာတစ်ပုဒ်လိုပေါ့….။
Comment #2
တကယ်ကို ကျန်တော့ ခံစားချက်နဲ့ ထပ်တူကျပါတယ်…
အရမ်းကို ကောင်းပါတယ်ဗျာ…
Thank you

Comment #3
All my breath in & out are directly ratio to ur heart beat.

Comment #1
Winter girl