အချစ်ရှုံးသမား
နင့်ကိုမေ့ပျောက်ချင်ပေမ၇့်လည်း
အမြဲသတိတ၇ရှိနေတဲ့ ငါ
နင်နဲ့အဝေးဆုံးမှာနေချင်မိလည်း
အနီးဆုံးနေ၇ာကို တောင့်တမိတဲ့ ငါ
နင့်ကိုမတွေ့ချင်ပေမရ့်လဘ်း
စိတ်ကူးထဲမှာ နင်ပဲရှိတဲ့ ငါ
နင့်ကိုဦးစားမပေးချင်လည်း
အမြဲလိုလို နောက်ဆုတ်ပေးတက်တဲ့ ငါ
နင့်ကို လျစ်လျူရှုထားချင်ပေမရ့်လည်း
ဥပေက္ခာတရားကို ဆန့်ကျင်နေတဲ့ ငါ
နင့်ကို မုန်းလိုက်ချင်ပေမရ့်လည်း
နှလုံးသားကွဲကြေမတက် ချစ်နေတဲ့ငါ
အားလုံး၇ဲ့အဆုံးသတ်မှာ ငါဟာ
အချစ်သင့်သူကို ချစ်နေမိတဲ့
အချစ်ရှုံးသမားတစ်ယောက်ပါ
♥ Jue ♥
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Hit directly