အပြုံးဆိုတာ..တုတုစစ်စစ် ရင်အေးစေနိုင်ပါတယ်..ချစ်သူ..။
တေးသွားတဲ့……
ညီညာအချိုးကျပေါင်းစပ်ထားတဲ့..အစုအဝေး
လက်တွေတွဲ..ညံနေတဲ့..အပြုံး
ရင်ဘတ်ကြီးနဲ့  ရင်းခဲ့တယ်
နိမ့်လိုက်မြင့်လိုက် ဘဝ
လေဟုန်စီးတဲ့အခိုက်..ပျော်ခဲ့တယ်
အလွမ်း…စစ်ပဲ
ရင်ဘတ်ထဲဟာနေတယ်..ကလေးရယ်
မြင်နိုင်တဲ့……အပြုံး..ခပ်ပါးပါးအုပ်
အတ္တမှာ..အရောင်နည်းနည်းထည့်
အချစ်က မာယာကင်းစင်တယ်
ချစ်သူက…မနောဖြူမယ်
ကျွန်တော့်မှာ..မျှော်လင့်ချက်.လင်းတယ်
အပြုံးဆိုတာ..တုတုစစ်စစ် ရင်အေးစေနိုင်ပါတယ်..ချစ်သူ..။
Comment #2
အပြုံးဆိုတာ..တုတုစစ်စစ် ရင်အေးစေနိုင်ပါတယ်..ချစ်သူ
သေလို့ရတယ်နော် စကားလုံးတွေက
ဖတ်သွားပါကြောင်း ~~
With respect,
RAY
By: X - ray at Apr 7, 2013
Comment #4
Nice … Hope u can get smile
By: မေပျို at Apr 7, 2013
Comment #5
comment တွေပေးတာကျေးဇူးတင်ပါတယ်ဗျာ
အားတောင်တော်တော်ရှိသွားတယ်
By: သဟံသစ် at Apr 8, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
^.^
^.^