!! ချစ်သူသိဖို့ !!
ဘယ်တော့မှမမေ့ပါဘူး ချစ်သူ
မေ့ပျောက်ဖို့အတွက် အမှတ်တရတွေ
ချန်ခဲ့တာမှ မဟုတ်တာ
ထာဝရသတိတရ ရှိနေဖို့
ရည်ရွယ်တာမို့ အမှတ်တရဖြစ်ရပ်တွေ
ရှိနေခဲ့တာပါ
ဘယ်တော့မှ မခွဲခွာပါဘူး ချစ်သူ
ခွဲခွာဖို့အတွက် ချစ်သူကို
ရွေးချယ်ခဲ့တာမှမဟုတ်တာ
ထာဝရပေါင်းစည်းခွင့်ကို ရည်စူးပြီး
ရွေးချယ်ခဲ့တာပါ
ဘယ်တော့မှမငိုပါနဲ့ ချစ်သူ
ငိုကြွေးဖို့အတွက် တွေ့ဆုံခဲ့ကြာတာမှမဟုတ်တာ
ထာဝရအတူတူပျော်ရွှင်မှုတွေ ဖန်တီးဖို့
ဆုံဆည်းခဲ့တာပါ
ဘယ်တော့မှအားမငယ်ပါနဲ့ ချစ်သူ
အရာရာကို တစ်ယောက်တည်း ရင်ဆိုင်ဖို့အတွက်
ချစ်သူတွေဖြစ်ခဲ့ကြတာမှ မဟုတ်တာ
ထာဝရအတူတူ ဖြစ်လာသမျှကို
ဖြေရှင်းဖို့အတွက်
စိတ်တူကိုယ်တူ ချစ်သူတွေ ဖြစ်ခဲ့တာပါ
ဘယ်တော့မှမမုန်းပါဘူး ချစ်သူ
မုန်းဖို့အတွက် ချစ်ခဲ့တာမှမဟုတ်တာ
ထာဝရချစ်ဖို့အတွက်
အချစ်ကိုစတင်ခဲ့တာပါ
Comment #3
ခံစားအားပေးသွားပါ တယ်
ကဗျာလေးကိုနှစ်သက်မိပါတယ် 🙂

Comment #4
<3
<3
<3

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Omg
omg
Plz let me copy.