နှင်းသဲသဲမှာ ဇာခြည်ပန်းတွ ဝေနေအောင်လှပခဲ့ပြီးနောက်
မေးထူခေါ်ပြောပဲလား
ပြုံးပြရယ်ပြကြရုံပဲလား
ငါတို့သိကြတယ်
မျှော်လင့်ချက်ဆိုတာကျားသေကို
အသက်သွင်းနေရသလို
ကိုယ့်ကိုယ်ကိုပြန်ကုကြတဲ့ ဆေးမှာ
ငေးရီနေရတဲ့ဘ၀တွေကလွတ်မြောက်ခဲ့ကြပေမယ့်
ဇာခြည်
ဘယ်မလဲတို့အတွက် ဖြေဆေး
ငါရင်းလို့ရတယ်
ဒါပေမယ့်နင်းချပစ်လိုက်ရမယ့် ဓါးစာခံက
မင်းဘယ်တော့မှ မဖြစ်စေရဘူး ဇာခြည်
အလံကွဲပြားကြ…လူမှုဘ၀ကွဲပြားကြ…ပိုင်ဆိုင်မှုကွဲပြားကြ
စိတ်ချပါဇာခြည်ရယ်…ငါပဲသွေးအစွန်းခံမယ်
ငါပဲသွေးအစွန်းခံမယ်
ငါပဲသွေး…အစွန်း…ခံ…မယ်…နော်
ငါပန်းမျိုးစပ်ပညာကို သင်ပြီးတဲ့အခါ
ငါ့လက်နဲ့ဖန်တီးလို့ အလှဆုံးရလာတဲ့ပန်းကို
ဇာခြည်ပန်းလို့နာမည်ပေးမယ်ဇာခြည်
အရမ်းလှမှာပါ…မင်းရဲ့အိမ်နေရင်းဝတ်
စပို့ရှပ်အ၀ါလေးကိုကိုယ်စားပြုတဲ့ အနေနဲ့
အ၀ါရောင်တွေရဲရဲတောက်နေမှာက လွဲရင်
မင်းကြိုက်မှာပါ ဇာခြည်
အဲ့ဒီ့ပန်းကမင်းရဲ့ ဆံပင်အနံ့နဲ့မို့လေ
ဇာခြည်…မင်းနဲ့ငါရရှိထားတဲ့ငြိမ်းချမ်းရေးဟာ
ငြိမ်သက်ငြိမ်းချမ်းရေးလား…လှုပ်ရှားငြိမ်းချမ်းရေးလား
အနှစ်သာရငြိမ်းချမ်းရေးလား…ပုံသဏ္ဍာန်ငြိမ်းချမ်းရေးလား
တည်မြဲငြိမ်းချမ်းရေးလား…ရွေ့လျားငြိမ်းချမ်းရေးလား
ဖြေသာဖြေဇာခြည်…မဖြေနိုင်လည်း ငါ့လို ခပ်တည်တည်နဲ့
ကြေကွဲမှုကိုမျိုချနေရောပေါ့…အချိန်တွေ တပြေးညီ မဖြစ်သေးသ၍
ဆောက်တည်ရာတွေတည်ဆောက်ယူမရသ၍…ငါတို့ လက်တွေ မမြဲနိုင်သေးသ၍
ဇာတ်ကနှစ်ခါမက နာနေရဦးမှာပါ
ငါ့ရင်ထဲမှာဇာခြည်ပန်းကြွေတွေရှိတယ်
ငါ့ရင်ထဲမှာဇာခြည်ပန်းကြွတွေရှိတယ်
ငါ့ရင်ထဲမှာဇာခြည်ပန်းကြွေတွေရှိတယ်
သူတို့မှာခြောက်သွေ့နိုင်စွမ်းမရှိပေါ့ ဇာခြည်ရယ်
မိုးကုတ်စက်ဝိုင်းကြီးဆီကိုခြေတစ်လှမ်းလှမ်းရင်
မိုးကုတ်စက်ဝိုင်းကြီးကတစ်လှမ်းနောက်ဆုတ်သွားသလိုမျိုး
လောကမှာမာယာယဉ်ကျေးမှုတွေရှိတယ်
တချို့အရာတွေက မြင်ရရုံနဲ့ ကြေနပ်ယူရတယ်ဆိုတဲ့
ဆရာတာရာမင်းဝေရဲ့စကားလေးကိုငါတို့ နာနာကျင်ကျင်
လက်ခံကြရအောင်နော်…မင်းကနောင်ဘ၀ကို ယုံတဲ့သူပဲ
အဲ့တော့နောင်ဘ၀တွေအတွက် မျှော်လင့်ရင်း နေလို့ရတာပဲ… ဇာခြည်…
ငါကနောင်ဘ၀ဆိုတာကို မယုံတဲ့လူ
အဲ့တော့
ရှိတဲ့ဒီတစ်ဘ၀လေးမှာငါဘယ်လိုများ
ဒီဝေးကွာမှုတွေကိုနားလည်ပေးလို့ရမှာလဲ
ဘယ်လိုများဖြေသိမ့်ယူလို့ရမှာလဲ ဇာခြည်ရယ်
အရင်ကမျက်လုံးတွေနဲ့ အပြန်အလှန် စောင့်ရှောက်ခဲ့ကြသလို
ငါမရှိတော့တဲ့ တစ်နေ့ကျရင် မင်းရဲ့မျက်လုံးတွေကို ငါ့နေခဲ့တဲ့
အိမ်လေးဆီမရွှေ့ပါနဲ့ … မကြည့်ပဲ မြင်ရင်တောင် ငေးမိခြင်းကို ငြင်းဆန်လိုက်ပါ
ငါ့ရဲ့ကဗျာစာအုပ်လေးကိုပဲ ငါ့ကိုယ်စား စောင့်ရှောက်လိုက်ပါ ဇာခြည်
ရွှေကြယ် မိုး
Comment #2
R larr larrr
Yae yae le le kway twar p.
Comment #3
ငါပန်းမျိုးစပ်ပညာကို သင်ပြီးတဲ့အခါ
ငါ့လက်နဲ့ဖန်တီးလို့ အလှဆုံးရလာတဲ့ပန်းကို
ဇာခြည်ပန်းလို့နာမည်ပေးမယ်ဇာခြည်
အရမ်းလှမှာပါ…မင်းရဲ့အိမ်နေရင်းဝတ်
စပို့ရှပ်အ၀ါလေးကိုကိုယ်စားပြုတဲ့ အနေနဲ့
အ၀ါရောင်တွေရဲရဲတောက်နေမှာက လွဲရင်
မင်းကြိုက်မှာပါ ဇာခြည်
အဲ့ဒီ့ပန်းကမင်းရဲ့ ဆံပင်အနံ့နဲ့မို့လေ
အရင်ကမျက်လုံးတွေနဲ့ အပြန်အလှန် စောင့်ရှောက်ခဲ့ကြသလို
ငါမရှိတော့တဲ့ တစ်နေ့ကျရင် မင်းရဲ့မျက်လုံးတွေကို ငါ့နေခဲ့တဲ့
အိမ်လေးဆီမရွှေ့ပါနဲ့ … မကြည့်ပဲ မြင်ရင်တောင် ငေးမိခြင်းကို ငြင်းဆန်လိုက်ပါ
ငါ့ရဲ့ကဗျာစာအုပ်လေးကိုပဲ ငါ့ကိုယ်စား စောင့်ရှောက်လိုက်ပါ ဇာခြည်
Comment #4
ရေးထားတာအရမ်းမိုက်တယ်
Comment #5
မအိလေးရာ
ရေရေလည်လည်တော့ မကွဲပါနဲ့ဦးဗျ
းးးးးးးးးးးးးးးးးးးးးးးး
Comment #1
အားပါးပါး ကောင်းလိုက်တဲ့ကဗျာ
လေးစားစွာဖတ်သွားပါတယ်ဗျာ