ဟင်းလင်းပြင်
စာမျက်နှာအဟောင်းတွေကြားထဲ
နာမည်စောင်းစောင်းတွေခုထိပါနေတုန်း
ရယ်ရယ်ပြုံးပြုံး မရှိတဲ့ အဖြစ်ဆိုးတွေနောက်
သတိရစရာတွေ တောက်လျှောက်ပါလာတယ်…
ဖြစ်ချင်တာတွေအတွက်
ဖြစ်သင့်တာတွေရှာကြံရင်းနဲ့
ခုနှစ်တွေထောင့်ချွန်းကျိုးနေဆဲ
လဲပြီးသားအလံမှာ ဖိနပ်ရာအဖတ်တင်ခဲ့တယ်…
ခရေတွေ အတုန်းအရုန်းကြွေ
နှင်းဆီတမ်းချင်းရှည်တွေအောက်
တစုံတယောက် လိုက်ရှာရင်း
ရိုးရိုးစင်းစင်း တေ့လွဲလွဲခဲ့တယ်…
နွေလောင်းပြီးမောင်းတဲ့ နာရီတွေမှာ
ဆုံမှတ်ေ၀၀ါး
တသသ ခါးသီးမှုကဗျာ
မီးခိုးတွေရွာရင်းနဲ့ပေါ့လေ…
မာယာကော့စကီးကိုအားကျခဲ့တာလား
ဝံပုလွေလာဆင်နဲ့ အဖြစ်ချင်းဆင်တာလား
ဒါမှမဟုတ် ဂျက်လန်ဒန်နဲ့ အဖြေထုတ်ခဲ့တာလား
ဈာပနကတော့ ခမ်းနားပြီးမြောက်ခဲ့ပြီးပြီ…
တိမ်တောင်တွေကို ရည်စူး
ပြုဖူးတဲ့ ကြည်နူးစရာတွေအကြောင်းပေါ့
စေ့စေ့စပ်စပ်တော့ မဟုတ်ပါဘူး
အချစ်ဦးပုံပြင်ဆိုတာ တကယ်ကို ရှိခဲ့ဘူးတယ်…
Comment #3
ကြိုက်တယ်ဗျာ…။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Get lots of knowledges