ရိုးသားခြင်းသည် သာ ရှင်သန်ခြင်း ဆိုလျှင် ကျွန်တော် သေဆုံး သွား တာကြာပါပြီ။
မှန် ထဲ ကို ပြန် ကြည့် မိတော့
အရင် နှီးဆုံး သူစိမ်း တယောက် ကို ငါတွေ့  လေ့ ရဲ့ ။
ဒီ မာရှယ် က ဒီ မာရှယ် ပါဘဲ
ရင် ထဲ က ရိုးသာား ခြင်းတွေ သေဆုံး သွား တာ ကလွဲလို့  ပေါ့။
မျက်နှာဖုံး များ ဖြင့် နောက် ကျော မှာ ဓါးချက်များ ဖြင့် ရှင်သန်နေသူ ကို
လူ ဟု ခေါ် သည် ဟု သိလိုက်တဲ့ အချိန်
ငါ့ ကိုယ်တိုင်လည်း မျက်နှာ ဖုံး တခု ရှေ့ မှာ ထား ၊ နောက်ကျောမှာ ဓါးတန်းလန်း ဖြစ်နေပါရောလား။
ဘာဘဲဖြစ်ဖြစ်လေ
ရှင်သန် နေ တဲ့ ခံစား ချက်တွေကို သတ်ပြစ်ပြီး
သေဆုံ သွား တဲ့ မျှော်လင့် ချက်တွေ ကို အသက်သွင်းနေတဲ့ ငါ့ မှာ
ဘာများ မက်မော စရာ ရှိတေး လည်း။
အသက်သွင်းနေတဲ့ အနာဂတ် ဟာ
သေဆုံး သွား တဲ့ အတိတ် လောက် လှပ မလား …ငါ မသိ
သိခဲ့ ရင် လည်း မဆိုစလောက် တော့
နောက် ကျသွား ပါပြီ။
အထီးကျန်ခြင်း နဲ့  ပျံသန်းခြင်း ဟာ မတူညီ သလို
မျှော်လင့် ခြင်း နဲ့  ကျန်ရစ် ခြင်း ဟာ လည်း မတူ ညီပါ ၀ူး။
မတူညီ ညားလည်း
မော လှပါ ပြီ .. ငါ၏ အတောင်ပံ တွေ
နာ လှပါ ပြီ .. အားတင် ကာ ထားတဲ့ ငါ့ မာနတွေ
အတောင် ပံ ကို ရွေချ
ခြေထောက် ကို စိန်စီ ပြီး ပျံ သန်း ဖို့  တောင်း ဆို တဲ့  အခါ
တခုခုတော့ လွဲ နေတယ် ဆိုတာ သူတို့  မတွေး မိဝူး လား ။
မှန်ကန်သော သစွာ စကားဟာ
ဟန်ဆောင် ထား တဲ့ ပုံပြင် တခုလောက်လူကြိုက်မများတဲ့ ဒီခေတ်ကြီး မှာ
ငါ ဟာ လူလိမ်ဖြစ်တာ မဆန်းပါဝူး။
နေ့ တနေ့  ရဲ့  အစ မျက်လုံး ဖွင်းခြင်းရဲ့  ရည်ရွယ်ချက်ကို ရှာတွေ့  ဖို့ 
ညအချိန် မှာ မျက်လုံး ပိတ် က နားစက် ရတာ ဟာ အစဉ် အလာ ဆိုရင်
ငါ စုံလုံးသာ ကန်းလိုက်ချင်
ငါ့ ရင့် ကို ထိုးဖောက် ပြီး ဖြတ် သွား တဲ့ ခုနှစ်တွေ ဟာ နောက်အပတ်ဆိုရင်
၂၂ …
မွေးနေ့  မှာ ရွတ် ဆို မိမယ့် စကားတခွန်း က တော့
\”ရွေပြည်တော် မျှော်တိုင်းဝေး\” ပေါ့။