တနှစ်သစ်တော့ လွမ်းဖြစ်တယ်
နွေဦးမှသည် အစချီ၍
ရွက်ဟောင်းအကြွေ အသစ်ဝေမည်
ဂိမာန်နွေသည် သစ်ခဲ့ပြီ …
သင်္ကြန်ခါပွဲ တူဆင်နွဲ၍
ရေလောင်းသဘင် နွဲဆင်ယင်ခဲ့
ဂိမာန်နွေသည် တင့်ခဲ့ပြီ …
တနှစ်အကူး အလှထူးသည့်
မြဖူးပိတောက် ထိန်ထိန်တောက်ဖြင့်
ဂိမာန်နွေသည် သင်းခဲ့ပြီ …
နှစ်ဆန်းတစ်ရက် ထိုနေ့မြတ်တွင်
ရှိခိုးဦးတင် ဆံတော်ရှင်နှင့်
သဒ္ဒါရှုခင်း နိဗာန်ဈေးနှင့်
ဂိမာန်နွေသည် မြတ်ဦးမည် ..
တနှစ်သစ်တော့ လွမ်းဖြစ်ပါသည်
ဟောင်းအတိတ်ဆီ ပြောင်းစိတ်ရည်လျက်
ရေစက်ပေါင်းဆုံ မြတ်ရွှေဂုံနှင့်
ပါဝင်ဆင်နွှဲ ကုသိုလ်ပွဲတို့
တွေးဆလွမ်းမော ချစ်ခြင်းနှောလို့
ဂိမာန်နွေသည် လွမ်းဖွယ်ချည်း။ ။
LTN
(14.4.2013 06:36 AM)
Comment #3
လွမ်းလာပြီရှင်
By: မေပျို at Apr 16, 2013
Comment #4
သင်္ကြန်နဲ့ ဝေးနေတာ နှစ်အတော်ကြာနေပြီးဖြစ်တဲ့အတွက် လွမ်းမိပါတယ်
By: ap at Apr 16, 2013
Comment #5
နှစ်ဆန်းတစ်ရက်နေ့မှာ နောက်ထပ်လွမ်းသွားပါတယ်ရှင်
By: မေပျို at Apr 17, 2013
Comment #7
Shwezin …lal..win lwan pay lite pr tl…kolinthein Gyi….^^
By: Shwezinmyatnoe at Apr 17, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ်ခင်ဗျ..