ဆည်းဆာခြေလှမ်း
ဆည်းဆာခြေလှမ်း
လူငယ်တစ်ယောက်
အနွေးထည်ပျောက်သွားတဲ့ ရင်ခုန်သံတွေ..
နွေရနံ့မှာတင် အေးခဲ..
တစ်ယောက်တည်း တိုက်ရတဲ့စစ်ပွဲကို မုန်းတယ်
ဘာပဲဖြစ်ဖြစ် ငါက သူရဲကောင်း ပီသချင်သူပါ
ဒွိဟ နဲ့ အတ္တကြားက မှန်တစ်ချပ်ကို ပြဒါးသုတ်
ရင်ခုန်သံကိုတောင် အတုလုပ်ခဲ့ဖူးတယ် …..
ခြောက်သွေ့ အက်ကွဲ ..
အဲဒီ နွေမျက်မှန် ခပ်မွဲမွဲပေါ့
ဟောဒီကောင်ကို ရုပ်နဲ့နာမ် လွဲစေခဲ့ …..
မပြောဘဲ ထားခဲ့ဖူးတယ်
အတွေးတွေ ချွေးစို့စို့ လာရင်
အံ့ဖတ်ချဉ်ချဉ်တွေ စာရွက်ပေါ် သွန်ချ
ဘဝကို ခခယယ နှင်ထုတ်ပစ်မိရော
ဒါပါပဲ မေမေ …
မနေ့က ညတွေထဲမှာ …. ကျွန်တော် …
လက်ဖ၀ါးက ခါချ
မေမေ့ကို မပြောဖြစ်တဲ့အနာတရတွေ…ဟာ ကဗျာ….
မေမေ့ကိုပြောချင်ရဲ့……
သက်ပြင်းထွန်းကားမှုသမိုင်းကို လှန်ရင်
အပေါ်ယံအကျအဆုံး မျက်နှာမှာ
သားရှိမှာပါ မေမေလို့ တိုးတိုးလေး ပြောချင်ရဲ့…
တစ်ခါတုန်းကတွေကို မြေလှန်….
အထီးကျန်မှုအဆိပ်သီးတွေ တစ်ကိုယ်တည်းစားသုံး
ကဗျာမှာ ပုန်းတာတွေကို မုန်းပြီ…။
ကဗျာထဲမှာ သွေးသားကို ချရောင်းတယ်
ကျေးဇူးပြုပြီး ကျွန်တော့် အတွက် ဝမ်းမနည်းပါနဲ့ မေမေ
အရှုံးဆိုတာတွေကို ပြုံးမပြတတ်တဲ့ အမေ့သား
( ဟန်ဆောင်မှုကိုလည်း ဒီကောင်က မုန်းတတ်ရဲ့ )
သစ္စာတရားအပေါ်လည်း အားမနာတတ်တော့ဘူး
မနက်ဖြန်မှာ နှစ်သစ်ဟာ ပျိုမြစ်ရွှန်းစို
ကျွန်တော့် မနက်ခင်းကို အလင်းနဲ့ ကြိုနေရဲ့
ဘာဖြစ်လဲ မေမေရဲ့
မေမေ့သား တစ်ကိုယ်တော်
ကြက်ခြေခတ်တွေ ကျော်ဖြတ်လာပြီ ………။
ချီရွန် ( ပုလဲ ) Vs နိုးဆက်နေ့
Comment #2
ဖတ်ပြီးလည်း ထပ်ဖတ်သွားတယ်
ကိုချီရွန်ရော နိုးဆက်နေ့ရော ပေါင်းရေးတာ အရမ်းမိုက်တယ်
အားပေးနေပါတယ်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
တခါတလေမှာ တကူးတက ဖန်တီးပြီး ရေးရတဲ့ ကဗျာထက် ဒီလို ချက်ချင်း လက်တန်း ရေးလိုက်ရတဲ့ ကဗျာကို ပို အားရတယ်။ လတ်တလော ဖြစ်လာတဲ့ ရင်ဘတ်ထဲကဟာကို ချက်ချင်း ဆွဲထုတ်ရတာဖြစ်လို့ မာယာလည်း မပါဘူး စကားလုံးပါဝါလည်း သိပ်ပါမှာ မဟုတ်ဘူး … ဒါပေမဲ့ အဲဒီ ရိုးရိုးနဲ့ ပြောချင်တာ ပြောလိုက်ရတာကိုက အရသာပြည့်တယ်လို့ မြင်မိတယ်။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #4
သေချာတာပေါ့ရှင်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #5
အားပေးသွားပါသည်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #6
ချီရွန် ( ပုလဲ ) Vs နိုးဆက်နေ့
အားပေးသွားပါတယ် အစ်ကိုတို့  အားကျလျက် 🙂
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #7
ဖတ်ရှုအားပေးသွားပါတယ်..ကိုချီရွန်ရော ကို နိုးဆက်နေ့ ရော ၂ယောက်လုံးကို လေးစားပါတယ်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #9
nice.. bro .. 😀
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
ညတစ်နာရီမှ Facebook မှာ ကိုချီရွန် (ပုလဲ) နဲ့တွေ့ပြီး ရေးဖြစ်သွားတဲ့ကဗျာပါ..။
ဖတ်ကြည့်ရင် ဘယ်သူဘယ်အပိုဒ်ရေးထားတယ် ဆိုတာ လွယ်လွယ်လေးသိနိုင်တာမို့ ကျွန်တော် ကဗျာမှာ မတပ်လိုက်တော့ဘူး…။
တကယ်တမ်း…ကျွန်တော်ရေးထားတာ နှစ်ပိုဒ်ထဲပါ… ကျန်တာ ကိုချီရွန် မွေးဖွားသွားတဲ့ ကဗျာ ဖြစ်ပါကြောင်း…….။
(ကျေးဇူးတင်….အားကျ….လေးစားလျက်ပါ…..ကိုချီရွန်)
နိုးဆက် နေ့