ဂလက်ဆီ (အပိုဒ်ခွဲ ၁)
** (မျက်ရည်မရှိ… ကျက်သရေ အတိနဲ့ပေါ့
ဖီးနစ်ရဲ့ နောက်ဆုံးဂီတသံ… ရွှေနားပန်ဆင်ပါလော့ ငါ့ကြယ်စင်…) **
လေထုတစ်ခွင် ခရီးနှင် ပျံသန်း မဲ့ သီချင်း..ရယ်
မြေထု တစ်ခွင် စီးသွင် ဆန့်တန်း မဲ့အလင်းရယ်…
သီချင်းတော် မင်္ဂလာဖြင့်
အလင်းမျှော်စင် ကမ္ဘာဆီ ခွင်းလိုက်ပေရဲ့။
မြေထုကို အခြေပြု..လို့
ခရီးစဉ်မဟာ တစ်ခု.. စီးသွင် လာလုပြီ…
သံယောဇဉ်လက်တက်တွေ ဆန့်တန်း….
အငင် အရစ် ရစ်သမ်အမှန်နဲ့ ပျံသန်းလာပြီ ကြယ်စင်
သီချင်း ကို နွေးထွေး အကြင်နာနဲ့ ခြွေချ
ခူးဆွတ်..ကာ မော်ကြွား…
အလင်းကို သွေးအေး သတ္တ၀ါဆီ ဝေမျှ
ရူးသွပ်စွာ ပျော်ပါး ခွင့် ပေးပါတော့…။
နိုးဆက် နေ့
Comment #2
So Cool, So good, Noesat..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သီချင်း ကို နွေးထွေး အကြင်နာနဲ့ ခြွေချ
ခူးဆွတ်..ကာ မော်ကြွား…
အလင်းကို သွေးအေး သတ္တ၀ါဆီ ဝေမျှ
ရူးသွပ်စွာ ပျော်ပါး ခွင့် ပေးပါတော့…။