ဗလာကျင်း ရင်ခွင်
အဖြူတစ်ကွက် အမဲတစ်စက်က
ငါ့ မျက်နှာကျက်မှာ လှောင်ပြုံးတွေပြုံးလို့
ရွေးချယ်ခွင့်မရှိလိုက်တဲ့ ကံကြမ္မာကြီးကတော့
တောက်ခတ်သံတွေညံလို့ပေါ့
ဖြည့်ဆည်းခွင့်မရလိုက်တဲ့
စာမျက်နှာပေါ်က ကွက်လပ်တွေကတော့
ဘယ်ရွေ့ ဘယ်မျှ
ပြီးဆုံးမယ်မှန်း မရေရာ
ဒီညလွန်တော့လည်း
နောက် တစ် ည ပေါ့
အားတင်းလို့ ရှေ့ဆက်
ဒီကောင်က ရူးမိုက်နေတုန်း
ဆေးလိပ်တိုတွေ ချောင်းဆိုးသံတွေနဲ့
နေသားကျနေတဲ့အခန်းကျဉ်းလေးထဲမှာတော့
တွန့်ကြေနေတဲ့ အိပ်ရာခင်းပေါ်က
ငိုရှိက်သံလေးကတော့
သူစိမ်းပြင်ပြင် စိမ်းသက်နေလေရဲ့ .
မာန်ခက်ဝင့်
>> 28.3.2013
>> 08:05 PM
Comment #2
cool
By: မေပျို at Apr 21, 2013
Comment #3
Title hits me
By: ei lay at Apr 22, 2013
Comment #4
ကျေးဇူးပါ ။ အားပေးတဲ့အတွက်
By: မာန်ခက်ဝင့် at Apr 30, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
:'(
:'(
:'(