ငါ့ …………………
မနေ့တည်း ပေါင်းထည့်လိုက်ပါ
ဒီနေ့ဟာ မနေ့ကလိုပါပဲ
ဆက်ဆံရေးက
နေရားကွက်ကြားရွာရန်ရှိသည်တဲ့
ဒီနေရာမှာ ငါရယ် လမ်းရယ် နေရယ် ၂ခု ၁ကောင်
ဆက်ရန်ရှိသည်
သို့ပေမဲ့ မနက်ဖြန်တော့မရှိ
မမျှော်လင့်မှတော့
မရွေ့တော့တာဘာဆန်းလဲ
ဒီရေ ကိုက အတက်မြန်လွန်းတယ်
ဘ၀ ကို သွားကြားထိုးရင်းငေးကြည့်
အိပ်မက်တွေမျိုချ
စကားလုံးတွေရိုက်ချိုး
ကိုယ့်ကိုကိုယ် အရုပ်လိုကြိုးတွေဆင်
မြင်နေရတဲ့ နေ့ရက်များ
ကလေးရယ် ဒါပါပဲ
ဘ ၀ ဆိုတာ
အထစ်အငေါ့မရှိရွတ်နေတဲ့ စကားသံများ
နာမ်မရှိသော ရွေ့လျား အလောင်းကောင်များ
ဒီလိုနဲ့ပဲ လောကဟာ
သူ့ ဘာသာ ပွင့်လန်း
Comment #2
မမျှော်လင့်မှတော့
မရွေ့တော့တာဘာဆန်းလဲ
ဒီရေ ကိုက အတက်မြန်လွန်းတယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဆက်ရန်ရှိသည်
သို့ပေမဲ့ မနက်ဖြန်တော့မရှိ
မမျှော်လင့်မှတော့
မရွေ့တော့တာဘာဆန်းလဲ
ဒီရေ ကိုက အတက်မြန်လွန်းတယ်
အရမ်းကြိုက်တယ်ရှင် .. ဒီစာသားတွေကို