ွှနှလုံးသွေးနဲ့ရေးတဲ့ကဗျာ.
ပြီးဆုံးခဲ့တဲ့တိုက်ပွဲတစ်ပွဲအတွက်……….
အသွားမပါတဲ့ လှံတစ်ချောင်းဆုပ်ကိုင်လို့….
မပီပြင်တဲ့ မျှော်လင့်ချက်တွေနဲ့….
ငါစီးချင်းထိုးနေဦးမှာ….
အသွားမပါတဲ့ လှံတစ်ချောင်းဆုပ်ကိုင်လို့….
မပီပြင်တဲ့ မျှော်လင့်ချက်တွေနဲ့….
ငါစီးချင်းထိုးနေဦးမှာ….
ရင့်ကျက်ဖို့မကြိုးစားချင်ဘူး
ဟန်ဆောင်ခြင်းကင်းတဲ့
နူးညံ့မူု့လေးတွေနဲ့ပဲ…
ငါနွေးထွေးတယ်………….
ဘယ်တော့မှအားမငယ်နဲ့
နာ၇ီတွေထဲ ငါကျွံကျလို့…
အနာဂတ်ထဲ ဒူးထောက်လဲခဲ့ရင်တောင်
မင်းအတွက်ပဲ ငါဆုတောင်းပေးနေမှာ………
စိတ်ချချစ်သူ…………..
ခြေကုန်လက်ပန်းကျနေတဲ့
မနက်ဖြန်တိုင်းမှာ……
မင်းအတွက် ငါ့နှလုံးသွေးနဲ့
ရေးမဲ့ ကဗျာတွေရှိနေမှာ…………………
Comment #2
စိတ်ချချစ်သူ…………..
ခြေကုန်လက်ပန်းကျနေတဲ့
မနက်ဖြန်တိုင်းမှာ……
မင်းအတွက် ငါ့နှလုံးသွေးနဲ့
ရေးမဲ့ ကဗျာတွေရှိနေမှာ…………………
By: မေပျို at Apr 23, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Strong choice of words.