မရေမရာ
သတိရလာတယ်
ခပ် ဆဆ ကလေး
ရင်ခုန်သံတွေကို ပြန်စမ်း
ဒါက .. မဖြစ်သင့်ဘူးမဟုတ်လား
………. ….
သတိရလာတယ်
ခံစားချက်တွေကို .. မျိုသိပ်
အဖြူကို မစွန်းစေနှင့်
ဒါက .. မဖြစ်သင့်တာပဲ
……………..
သတိရလာမိပြန်တယ်
အသဲကွဲခဲ့တာ ပြန်ရစ်လိုက်စမ်း
အလွမ်းညတွေကို လွန်ပြီးမှ
နောက်ထပ် . .. .. …
………………………
ဟင့်အင်း
ကြည်နှုးစရာအချစ်ဆိုတာ
ငါနှင့်လွဲနေပြီးသား .. အရပ်
နှုတ်ခမ်း ခပ်တင်းတင်းကိုက်
ခေါင်းကိုမော့ထားလိုက်တယ်
…………
ဒါပေမဲ့
သတိရလာပြန်ရော
သိပ်ကို သတိရလာပြန်ပါရော လား …။
Comment #2
aham aham ~~~ bal thu ko ta d ya nay par ta lal ? 😛
By: loafer at Apr 24, 2013
Comment #3
အရမ်းမိုက်တယ်
copy twar p
By: gg at Apr 24, 2013
Comment #5
အားပေးဖတ်ရှုသူများ အားလုံး ကျေးဇူးတင်ပါကြောင်း
By: မေပျို at Apr 24, 2013
Comment #6
ဖတ်ရှုအားပေးသွားပါတယ်ခမျာ..
By: ap at Apr 25, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
:'(
:'(
:'(
Hote de