ဇာတ်လမ်း
ကျနော့ရဲ့
မစံပယ်…
ရင်ခုန်သံတွေက ကမ္ဘတစ်ရပ်ဖြစ်ခဲ့ရင်
ခင်ဗျားနဲ့ကျနော့ကြား
ရင်ကြားစေ့မယ့်သူ
ဘယ်သူလဲ…
အဖြူအစိမ်းခေတ်ကတည်းက
ညည်းဖြစ်ခဲ့တဲ့ ခေါ်သံသီချင်းမှာ
နာရီတွေ လှလှပပတပ်
ဆယ်နှစ်ကို လတိုးနဲ့တက်ခဲ့ပြီးပြီ…
ကျနော့ရဲ့
မစံပယ်…
ကျနော့ဘ၀က မချိုဘူး
ဈေးပိုရချင်တဲ့ အချစ်မျိုး အတွက်
ကျနော်အိပ်ရေးမပျက်တတ်ဘူး
မစံပယ် တစ်ခုတော့ရှိတယ်
တန်ဖိုးထားတတ်ဖို့တော့ သင်ရအုံးမယ်…
မျက်လွှာချ တစ်ခန်းရပ်လိုက်မလား
လူတွေထဲ ကံစမ်းမဲ ရှာမလား
ကျနော်တို့ကြား
ယုံကြည်ချက်တွေခြားနေခဲ့
ပန်းတွေကတော့ ဆက်ပွင့်နေအုံးမယ် မစံပယ်…
ဘယ်ညာမကွဲခင်
နေစဲချင်စဲမယ် မစံပယ်
ညနေက အလုပ်ဆင်းချိန်မှန်နေအုံးမှာပဲ
ကျနော်တို့ ဖြတ်ကူးချိန်ဘယ်လောက်ရမလဲ
ခုထိ ကျနော့် မှတ်စုမှာ
သုညကို တိုးတက်မှုရှာနေရတုန်းပါ မစံပယ်..
တစ်ခုခုတော့ လိုပြီ မစံပယ်
ခွဲဖြတ်ထွက်ဖို့ အတောင်တွေတပ်ကြမလား
ဆန့်ကျင်ဘက်အရပ်တွေဆီ လျှောက်ကြမလား
ဆိုချင်တာက နံရံတွေပါးပါးလာကြပြီ မစံပယ်….
(အဲဒါ ခင်ဗျားသိဖို့လိုအပ်တယ်)
Comment #3
Hna lone tarr hnit Han sarr twar par de
Comment #1
မစံပယ် .. မစံပယ်
ကဗျာလေးက ချစ်ဖို့ကောင်းတယ်
ရသနှစ်မျိုးခံစားရတယ်ရှင့်  .. အလင်းနှင့် အမှောင်တွဲစပ်ထားသလိုပဲ