မာယာ
မာယာ
သူ ပြုံးသည်။
ထို့နောက် …
ကျွန်တော့်အား မုန်းကြောင်း ပြောသည်။
သူ နှင်းဆီပျိုးသည်။
ထို့နောက် …
ဆူးငြှောင့်များဖြင့် စီးချင်းထိုးသည်။
ရိုးရှင်း လှပါသည်။
အမိန့်တခုတွင် ညွတ်ခသက်ဆင်း …
ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ်
ကျွန်တော် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ဥပက္ခာဖြင့် မန်းမှုတ်သော
စိမ်းစိုအုပ်ဆိုင်းသည့် သမုဒ္ဒရာတွင်
ကျွန်တော် နစ်မြုပ်ရပါလိမ့်မည်
…
စက္ကူလှေ တစင်းလုပ်ရန်
ကျွန်တော့်အတ္ထုပတ္တိမှ
“ကျွန်ုပ်” ကို …
သူ ဆွဲဆုတ်လိုက်သည်။
ခွဲခွာချိန်၌
ကျွန်တော် ရှုရှိက်ခွင့်မရသည့်
သူ၏ ရနံများ သင်းလှိုင်နေတော့မည်။
…
ချစ်လွန်းသည့်တိုင်
မေ့နိုင်သူကို နှုတ်ဆက်ပါ့မည်
သတိရခြင်းကိုတော့ ကျွန်တော် နှုတ်မဆက်နိုင် …
သူပြောဖူးသည် …
“ဒူးထောက်အညံခံခြင်း ထက်
ဒူးညွှတ်လဲကျခြင်းက
ပို၍ လှပမည်”
ဤသို့ဖြင့် …
အလံဖြူတလက် နှင့်
ကျွန်တော် စစ်တိုက်ထွက်ခဲ့သည်။
သူသည်
ဆောင်းဖြင့် ဆိုင်းညို့ သောည ဖြစ်သည်။
သူဆိုနေကျ
စူးရှရှ ကျိန်စာလေးကို
ရင်ထက်အက္ခရာတင်ချင်ပါသည်။
အင်္သချေတွေ မည်မျှကြာသနည်း …
ချစ်သူ၏ ဥပက္ခာမို့
သေရာပါ ပါလိမ့်မည်။
night^
Comment #2
ကဗျာတွေ မျှော်နေတာကြာပြီ..ခုမှလာတင်တော့တယ် ..ဗျာ
Comment #4
Oh…oh…
So much touching.
Comment #5
ရှေ့လျောက်တော့ ပြတ်မှာမဟုတ်တော့ပါဘူးဗျ FB မှာခြေရာခံမိထားပြီပဲ….
အကို့ကဗျာလေးတွေ ကြိုက်တယ်..
Comment #6
ဒူးထောက်အညံ့ ခံခြင်းထက် ဒူးညွန့် လဲကျခြင်းကပို၍ လှပမည်..ကောင်းပါတယ်..ဖတ်ရှုအားပေးသွားပါတယ်
Comment #7
ထပ်ပြီးအားပေးသွားပါတယ်
Comment #8
ရှိတ်စပီးယား ရဲ့ ကဗျာရှည် တပုဒ် နဲ့
ရေးဟန်တူတယ်နော်
Comment #1
သူ နှင်းဆီပျိုးသည်။
ထို့နောက် …
ဆူးငြှောင့်များဖြင့် စီးချင်းထိုးသည်။