ညနေ
သူရိန်ပျောက်ဆုံး
အမှောင်ဖုံးလု
ဝင်လုလေပြီ
သံယောဇဉ်ဖြတ်
အမုန်းဖက်လို့
ဝေဒနာတို့
ဇက်ဇက်ကျဲလို့
လာချေပြီမို့
ကျွန်တော်ချစ်သူ
သူဇာမေအား
သံသရများ
ဝင်မွှေထားလို့
ကျွန်တော်ခွဲဖို့
အချိန်တန်ပြီ
ချစ်သော်လည်းပဲ
သံသရဒဏ်
မခံနိုင်မို့
ညနေရွက်ကြွေ
လေပြေအေးနှင့်
ပါလေချေပြီ
ချစ်သော်လည်းပဲ
ဝေးခဲ့သည့်ညနေ………………………။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Ltnc
How r u?
Glad to see ur poem,,ko Moe g.
🙂