အလွမ်းစများကို ဖမ်းဆုပ်ရင်း ကဗျာတစ်ပုဒ် ထုလုပ်ခြင်း
သိပ်ချစ်ခဲ့ လွန်းတယ် ကောင်မလေး
ငါနင့်ကို သိပ်ချစ်ခဲ့လွန်းတယ်၊
အတိတ် လွင်ပြင်ပေါ် လမ်းလျောက်ထွက်မိတိုင်း
အတွေး အပိုင်းအစလေးတွေ လိုက်ကောက်ရင်း
မနေ့တစ်နေ့က ပုံရိပ်တွေကို လိုက်ပြီးရေတွက်နေခဲ့တာ၊
ငါတို့နှစ်ယောက်ကြားမှာ
ဘယ်လို ဘာသာဗေဒ မျိုးမှ ခြားနားမှာကို မလိုလားဘူး။
အားရကျေနပ်
လက်ပြနှုတ်ဆက်ရင်း အပြုံးတွေ ထုတ်လွှတ်ပေးခဲ့ခြင်းက
ငါနင့်ကို မေ့နိုင်ခြင်း မဟုတ်ဘူးး၊
တမ်းတခြင်း အမှောင်ထဲက
ရင်ငွေ့ခါးသက်
နင့်အတွက် ခဏတာရုန်းထွက်ခဲ့တာ၊
စူးရှ တမ်းတ မေ့မရတဲ့ငါ
ဒီနေ့ဒီအချိန်အထိ သတိတရရှိတယ်။
ဒီကွာဝေးမှုမှာ ဘာသံသယမှရှိခဲ့တာ
အရာအားလုံးက မှန်တယ်
နင့်စိတ်ခံစားမှုမှာ
ငါ့တို့ အမှတ်တရတွေ ကိုတော့
ဟိုးးးးး ရှေးရှေးတုန်းက မဖြစ်ပါစေနဲ့၊
မြတ်နိုးမိတဲ့သူက
ရင်ဘတ်အကျိုးနဲ့ဖွင့်ဟ လိုက်တယ်
ခံစားရင်း ရေးစပ်ခဲ့ဖူးတာ
ဒီကဗျာလေးက နင့်အတွက် ပေါ့ကောင်မလေးရယ် ။။ ။။
အရိပ်(ZTO)
Comment #3
ထပ်တူပဲဗျာ…

Comment #5
i like it nice

Comment #8
ayain mike tl byar copy twar p

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hna lone tarr hnit khan sarr twar par de.