“ဒဏ္ဍာရီ၏ဆန့်ကျင်ဘက်”
အရောင်မဲ့ကာရံတွေ
လိုအပ်မယ်ဆို အကုန်သာယူ
ပထမကမ္ဘာကိုစံပြုလို့
အမှတ်တရတွေကို နယ်မြေချဲ့မယ်…..
ရေဒီယိုက ခပ်ရင့်ရင့်သံစဉ်တွေကြား
တစ်ခါတစ်ရံဆို
သတိရသလို…..
ဝမ်းနည်းသလို…..
မလာတော့ဘူးဆိုတာသိရက်
အမိန့်နာခံသူလိုငါမျှော်နေမိ
ရိသဲ့သဲ့မာနတွေအန်ကာချ
ဟာသရောင်ကော်ဖီတွေ…..
အဟောင်းအသစ်ဝယ်ရရင်
ခင်မင်မှုကို လောင်းကြေးထပ်တာကြာပေါ့
ခပ်ဟော့ဟော့အတွေးတွေမှာ
အရာရာအသစ်မဖြစ်တော့လည်း
မင်းကိုလွမ်းမိတယ်…..
အာဃာတကို တန်ဖိုးတင်မိတဲ့ငါ
ဟာတာတဲ့ကွက်လပ်က ရင်မှာပြည့်လို့
ကျိန်စာတွေကြားက ချိန်ကိုက်ဗုံးပမာ
အခုတော့လည်း
အကြိမ်တစ်ရာမကရှုမ၀တဲ့မင်းဓါတ်ပုံ
တစ်စိမ့်စိမ့်ကြည့်တော့ အရှုးလိုပဲ
ငါလွမ်းရပုံ…….။ ။
Rhynaung + ဖိုးသား
၁၉.၄.၁၃(၀၉:၂၃)
Comment #2
မလာတော့ဘူးဆိုတာသိရက်
အမိန့်နာခံသူလိုငါမျှော်နေမိ
ရိသဲ့သဲ့မာနတွေအန်ကာချ
ဟာသရောင်ကော်ဖီတွေ…..
Comment #1
Super like