ကမ္ဘာတည်သရျွ်
လရောင် က ပင်လယ် ကို မျှားတယ်
လရောင် ကို ပင်လယ် က မျှားတယ်
အမုန်း ကို အမုန်း က မျှားတယ်
အချစ် ကို အချစ် က မျှားတယ်
လမင်း နဲ့  ပင်လယ် မနီးစပ်သမျှ
အချစ် နဲ့  အမုန်း သီးခြားစီပဲ၊
ခပ်ညံ့ညံ့ ငါ့ အသည်းနှလုံးကို
ခပ်ပေါ့ပေါ့ မာယာတွေနဲ့ မင်း က မျှားတယ်
ခပ်ပေါ့ပေါ့ နင့် အသည်းနှလုံးကို
ခပ်ညံ့ညံ့ စကားတစ်ခွန်းနဲ့  ငါ က မျှားတယ်
ဘာပဲဖြစ်ဖြစ် နင် ငါ့ ကိုချစ်တယ်
ဘာပဲဖြစ်ဖြစ် ငါ လည်း နင့် ကို အရမ်းချစ်ခဲ့ပါတယ်။
တစ်ချိန်က ငါ့ ရာဇ၀င်မှာ ရွှေမင်းသမီး နင့် ကို
တစ်နေ့ မှ မေ့မရနိုင်လို့ 
ငါ့ ရဲ့နေ့ စဉ်မှတ်တမ်းထဲ
နင့် ကို လွမ်းဖို့ အလုပ်တစ်ခုပိုနေသမျှ
ဒါဟာ…ယုံတမ်းစကားပါလို့  ငါ့ကမ္ဘာကိုကြေငြာနေဦးမှာပဲ
အချစ် က အမုန်း ကို မျှားတယ်
အချစ် ကို အမုန်း က မျှားတယ်
ပင်လယ် နဲ့  လမင်း နီးစပ်လည်း
ငါ…နင့်ကို..အရမ်း..မုန်း..တယ် ။ ။ ။ ။
Comment #2
မြတ်စွာဘုရား .. အမုန်းအမျက်မာန်သင့်ရှာပါပြီ
Comment #3
နောက်ဆုံးတော့လဲ အမုန်းနဲ့အဆုံးသတ်သွားတာပဲ
Comment #5
အားပေးခံစားသွားပါ၏ 🙂
Comment #6
🙂
Comment #7
ခံစားအားပေးသွားပါသည်
Comment #1
har kaung dal…