မိုးအလွမ်း
ဖူးငုံဝေစီ မိုးပန်းချီ
ညီညာဖြောက်ဖြောက်
မိုးပေါက်အောက်ဝယ်
တွဲလျှောက် မြူးသည်
ရင်နှစ်အချစ် .. အသည်းဦးနှင့် …။
ဖူးမော် မျက်နှာ
ချစ်ရုပ်လွှာကို
သည်းညှာ ကြာတိုက်
လှိုက်လှိုက် မျှော်သည်
မေ့မှာ
လွမ်းလည်း .. လွမ်းသနှင့် ….။
Comment #2
I miss u 😛
By: loafer at May 11, 2013
Comment #3
အိကတော့လွမ်းလိုက်ငိုလိုက်ဒေါသထွက်လိုက်
လွမ်းလိုက်ဆုတောင်းလိုက်မေတ္တာပို့လိုက်
သူငယ်ချင်းတွေကိုရစ်လိုက် ပြသနာရှာလိုက် မုန့်တွေအများကြီးစားလိုက့်
လွမ်းလိုက်အလုပ်တွေဖိလုပ်လိုက်
သံသရာကိုလည်နေတာပဲ့
By: ei lay at May 12, 2013
Comment #4
အိလေးရယ်
တူတူပဲ …
သံသရာ .. သံသရာ
နေကောင်းသွားပြီလား .. ခုမှပဲတွေ့ရတော့တယ်
By: မေပျို at May 12, 2013
Comment #5
ဟယ်
အိနေမကောင်းတာဘယ်လိုလုပ်သိတာလဲ
ဗေဒင်ဟောတတ်လားဟင်
မှန်တယ်တော့
အခုမှတွေ့တာကဒီရက်ပိုင်းမှာစိတ်တွေဆိုးနေရလို့ပါ
၁ယောက်တည်းပေါက်ကွဲနေရလို့။
By: ei lay at May 12, 2013
Comment #7
ဟုတ်
ကျေးဇူး
By: ei lay at May 12, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နှစ်ခါတင်မိတဲ့ error ကို ကြိုတောင်းပန်ပါရစေ ..