ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမိခြင်း
ခင်ဗျားရေးတဲ့ ဇာတ်ထုပ်ထဲ
ကလို့ သာနေရတယ်
စည်းချက်လည်းမရှိ ၊ အပြီးသတ်လည်း မသိ
ရယ်လိုက် ငိုလိုက် ၊ ပြုံးလိုက် မဲ့လိုက်
တကယ်ဆို ကိုယ်ဘာကောင်မှန်းတောင်သိခွင့် မရှိတဲ့
အဲ့ဒီ့ဇာတ်မှာ ကျနော်ဟာရုပ်သေးလူ
ခင်ဗျားက သေဆိုရင်သေ
ခင်ဗျားက ရှင်ဆိုရင်ရှင်
နာခံဖို့  အသင့်ပါပဲ
တစ်ခါတုန်းများကဆို…
ကျနော်………………..
………………………..
………………………..
ဆက်မပြောချင်တော့ပါဘူး
ခင်ဗျားလို လူစားက ပြောလဲ ပြောပဲပေါ့
ဒါဏ်ရာတွေ သာ ရင်နဲ့ မဆန့် တော့လို့ 
ဝေဒနာတွေ က စကားပြောတတ်နေတာ
သူ့ အလို ဆန္ဒနဲ့ သူပါ (ကျနော့် ပရောဂမပါ)
ခင်ဗျားလို……
ဂျပိုးကိုလိပ်ဖြစ်အောင်ရှင်းမပြတတ်တော့
တစ်ခါ တစ်ခါ မုန်းတယ်လို့ ကြေငြာရတာ
ကိုယ့်လိပ်ပြာတောင် ကိုယ်သနားတယ်
ဘာပဲပြောပြော ခင်ဗျားရေးတဲ့ဇာတ်မှာ
ခင်ဗျားသာအနိုင်ရသင့်တာပါ…။
Comment #2
နှလုံးသားနှင့်ခံစားသွားပါသည်

Comment #3
ခင်ဗျားက သေဆိုရင်သေ
ခင်ဗျားက ရှင်ဆိုရင်ရှင်

Comment #6
ကောင်းပါပေါ့ ..
ဘယ်သူပြောပြော ကဗျာထင်တော့ ပိုကဗျာဆန်တာပေါ့
နောင်တော်ရယ်

Comment #1
မုန်းတယ်ပြောရတာ ကိုယ့်လိပ်ပြာတောင်ကိုယ် သနားလာပါပြီ ဗျာ…
တကယ် ပြောတာပါ… နောက်ဆို ဒီလို ကဗျာ တွေ မရေးချင်တော့ပါဘူး… 🙁