ဟုတ်တယ်ဟုတ်
ဖြေးဖြေးချင်းမော့သောက် လိုက်
ခေါင်း ငိုက်မစိုက်နဲ့ဦး
ခွက်အောက်ကို ချ
မျက်နှာ က မမဲ့နဲ့လေ
အရက်ဆိုတာ ကြိုက်တယ် ဟုတ်
မီးညှိပြီး ဖွာရှိုက်
ခေါင်းထဲ ထိရိုက်သွင်း
ချောင်းတော့မဆိုး နဲ့ဦး
ဆေးလိပ်ဆိုတာ မီးခိုးစား တယ် ဟုတ်
မျက်ခုံးမွှေးပေါ် စင်္ကြံန်လျှောက်လိုက်
လူ ဆိုတာအမြှောက်ကြိုက်တဲ့ အမျိုး
ကံ အချိုးမပြေလို့ ဒုက္ခရောက်မှ
ပေါက်ကရတွေ အပြစ်မတင်နဲ့လေ
ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်တာပဲ ဟုတ်
နိုင်ငံရေးလား စီးပွားရေးလား
မင်းကြိုက်တာ ခူးခပ်စား သုံးကြည့်ပေါ့
ငရုတ်သီး ထိရင်တော့လဲ မင်း ခံ
လူထုနံရံ မှာ နားတွေရှိတယ် ဟုတ်
အဘ လား အမ လား
ကိုယ်ကြိုက်တာ ကိုယ် ခစားကြည့်လိုက်
တောင်သူတွေစိုက်တဲ့ စပါးကိုတော့
လူတိုင်းစား ရတာပဲ ဟုတ်
သက်သတ်လွတ်လား ခြေလေးချောင်းရှောင်လား
ကိုယ့် ၀သီနဲ့ ကိုယ်ပေါ့လေ
ရုံးတက်နေရင်တော့ အားလုံးစားတယ် ဟုတ်
လာဘ်စားတဲ့ အလုပ်ကတော့ professional
လက်ငါးချောင်းမှာ အသန်ဆုံးက လက်ညှိုး ဆို
ငယ်ငယ်ကတည်းက သူများ ကိုထိုးဖို့ သင်ပီးသား
နောက်ကျမှပြန်သတိထားကြည့်
ကျန်ရှိတဲ့ လက်လေးချောင်းက ကိုယ့်ဘက်မှာ ဟုတ်
ဘာမှမလုပ်တတ်တော့ဘူးလား
လူစုလူဝေးနားကတော့ ရှောင်နေလိုက်
ဘယ်ဘက် က တိုက်တိုက်
ငါ့အသား ကျားမကိုက်ဖို့ အရေးကြီးတယ်
ဘာသာရေးလား နိုင်ငံရေးလား
ကလေးကလားတော့ လျှောက်မပြောနဲ့
သဘောတရားရေး မှာ ခံစားချက်ကိုဘေးဖယ်
ငါတို့ နိုင်ငံဖွံ့ဖြိုးမှု က အသက်ငယ်သေးတယ် ဟုတ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
သေချာတာကတော့ ကိုယ့်အလုပ်ကိုယ်လုပ်မှ
ဒေါင်ကျကျပြားကျကျ ဗိုက်ဝမှာ သေချာတယ် ။ ။
Comment #2
အရမ်းမိုက်၏
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
ဘယ်သူအားပေးပေး မပေးပေး
ကဗျာရေးဖို့က ကဗျာဆရာတွေရဲ့အလုပ်
ဟုတ်တယ်ဟုတ် ..
ရေရေလည်လည်ကြိုက်သွားပါကြောင်း ..