အချစ်နှင့် သူ၏ ဆန္ဒ
လင်းလတ်ခွင့် မရှိတဲ့ဘ၀မှာ
ကြယ်တစ်ပွင့်လည်း မဖြစ်ချင်ဘူး……..
ချို့တဲ့ တဲ့ဘ၀မှာ
သူဌေး တစ်ယောက်လည်း မဖြစ်ချင်ဘူး………
ရယ်မောခွင့်မရှိတဲ့ ဘ၀မှာ
ရယ်စရာတွေနဲ့လည်း မကြုံချင်ဘူး…….
နွေမရှိတဲ့အရပ်မှာ
အေးမြတဲ့ ရေကန်တစ်ကန်လည်း မဖြစ်ချင်ဘူး……..
ဒီလိုဘဲ……မနီးစပ်နိုင်တဲ့ဘ၀မှာ
အချစ်ဆိုတာလည်း မရှိချင်တော့ဘူး….
တကယ်တော့
ပင်လယ်ထဲမှာ မုန်တိုင်းမိနေတဲ့လှေငယ်တစ်စင်း
ကျွန်းလေးတစ်ကျွန်းကို တောင်းတသလို
ငါလည်းမင်းကိုတောင်းတခဲ့ပါတယ်…
(ဒါပေမယ့်)တကယ်တမ်းမှာတော့
ငါ့ဘ၀ရဲ့ ကြမ်းတမ်းမှုတွေကြောင့်
မင်းကမ်းထားတဲ့ လက်ကလေးတွေကို
ငါ့ရဲ့တပ်မက်မှုသက်သက်နဲ့
မဆုပ်ကိုင်ရက်ခဲ့တာ
မချစ်လို့မှ မဟုတ်ပဲလေ………….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားအားပေးသွားပါသည်