သိခဲ့ရင်
အချစ်ဆိုတာ
ခါးသီးမှုမှန်း
သိခဲ့ရင်…………….
မျက်ရည်ပြိုကျမှ
လွမ်းတတ်တဲ့ ကောင်းကင်မှန်း
သိခဲ့ရင်…………….
သတိရမှုတွေက
လေပြေတိုက်တိုင်း
တုံ့ဆိုင်းဆိုင်း နာကျင်မှုမျိုးမှန်း
သိခဲ့ရင်…………….
အလွမ်းတွေဆိုတာ
တမ်းတခြင်း ရခြင်းမှန်း
သိခဲ့ရင်…………….
ငါ့အနာဂတ်တွေတစစီ ဖဲ့ခြွေတတ်မှန်း
သိခဲ့ရင်…………….
ငါ့နှလုံးသားကိုသော့ခတ်ထားပါတယ်ကွယ်။
Comment #2
i like this…………..
By: kk at Jun 10, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်ပါပဲ..သိခဲ့ရင်လေ…