နိဂုံးရဲ့ ပဲ့တင်သံ
တိတ်ဆိတ်လွန်းတဲ့ ဆောင်နှင်းဖြူရဲ့ ညမှာ
ဒဏ်ရာရမျက်ရည်တွေကို ဖြူစင်တဲ့စိတ်နဲ့
နိုးထစေခဲ့မိတယ်
ရက်စက်ခြင်းတွေ သိုးယောင်ဆောင်ထားမှန်း
မသိသေးတဲ့ အချိန်တွေပေါ့
မင်းရဲ့တကိုယ်ရည်မျက်လှည့်ပွဲမှာ
တယောက်ထဲပျော်ရွှင်စွာနဲ့ ကြည့်နေခဲ့မိတယ်
အမည်ခံထားတဲ့ လိမ်ညာမှုကြီး
မှော်ဝင်စွာပဲ ကြည်နှုးမှုအပေါင်းကို စုပ်နှုတ်
ခေါင်းပါးတဲ့ အတ္တတချို့ကို မေ့စေပြီ
မသိမသာ ကြိုးတချောင်းတချောင်းဝင်သွားခဲ့တယ်
ခလောက်သံတွေကို ကြားနေရတယ်
ကိုယ့်လည်ပင်းကိုတောင် ကိုယ်ပြန်ငုံမကြည့်ရဲဘူး
ငါမဖြေရဲတဲ့ မေးခွန်းပေါင်းများစွာ
အမှောင်အတိကျသွားခဲ့ပါပြီး…..
( )
ဇာတ်ဝင်ခန်းအဟောင်းတွေလည်း
အဆစ်ပြုတ်သွားခဲ့ပြီး
သဘောတူစာချူပ်ထဲက ရိုးသားခြင်းတွေတောင်
အပုပ်နံ ထွက်လို့နေပြီး
နေပါစေတော့
ဘူတာအိုလို ယဉ်ကျေးမှုနဲ့
မင်းအတွက် လူဝင်လူထွက်များနေအုံးမှာပါ
Comment #2
မိုက် မိုက်
Comment #3
ဖတ်ရှူအားပေးသွားပါသည်
Comment #4
ဖတ် ရှူ အားပေးသွားပါသည်
Comment #5
ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်
Comment #1
အောက်ဆုံးအပိုဒ်ကလေး ကြိုက်ပါ့ဗျာ….ချာတိတ်တစ်ယောက်ကို ပြောချင်တဲ့စကားပဲ