ကျွန်ုပ်ကိုယ်တိုင်သို့ …
မျှော်လင့်ချက် ခပ်ဝါးဝါးနဲ့
နေ့ရက်တွေ ရေတွက်ရင်း
ပြက္ခဒိန်ကရက်စွဲတွေ ကုန်ခမ်း
တစ်ဖတ်သက် အလွမ်းတွေနဲ့
ခါးသက်သက် ဘ၀ထဲမှာ
ငါ့ကိုယ်ငါ ပြန်ထုပ်ပိုးဖြစ်တယ် …
အချိန်ဆိုတာ အကုန်မြန်တတ်ပါသလား …
ပုံရိပ်တွေမှ မဟုတ်ပါဘူး
အိပ်မက်ဆိုတာလည်း ချုပ်နှောင်ခြင်းတစ်မျိုးပါပဲ …
ဘာလို့များပါလဲ လို့
တစ်ကိုယ်တည်းရေရွတ်
တခါတလေတော့ ကိုယ့်ကိုယ်ကို မုန်းတီးကြည့်ဖူးတယ် …
အမှတ်တရတွေဆိုတာ
ကာရန်တွေ မပါလည်း
ဆိုညည်းလို့ ကောင်းတဲ့ တေးသွားတစ်ပုဒ်ဆိုတာ
နင့်ကို သတိရရင်း
ခပ်ရေးရေးငါ နားလည်လာတတ်ပြီ …
အကြောင်းအရာ မရှိပါဘူး
ဒါပေမယ့် ငါနင့်ကို သိပ်သတိရတယ် … ။ ။
Comment #2
ဟုတ်တယ်
ပျောက်နေတာကြာပြီ
ကဗျာခုမှပြန်ဖတ်ရတော့တယ်
By: မေပျို at May 22, 2013
Comment #3
အမှတ်တရတွေဆိုတာ
ကာရန်တွေ မပါလည်း
ဆိုညည်းလို့ ကောင်းတဲ့ တေးသွားတစ်ပုဒ်။
ကြိုက်တယ်ဗျာ
By: amt at May 23, 2013
Comment #4
ခံစားချက်တွေ အဆက်ပြတ်နေလို့ပါ … ကဗျာကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် 😀
By: apollo at May 23, 2013
Comment #5
N i c e
By: ei lay at May 24, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမှတ်တရတွေဆိုတာ
ကာရန်တွေ မပါလည်း
ဆိုညည်းလို့ ကောင်းတဲ့ တေးသွားတစ်ပုဒ်
နှစ်သက်မိပါ၏ .ခင်ဗျား.ပျောက်နေတာကြာပြီဗျ 😀