ဗီလိန်
ကဗျာ..
ဒီကဗျာက
ငါ့ရဲ့ နံရိုးတစ်ချောင်း ကို
ထုတ်ယူသွားတယ်…
အာဒံ က မပေးလိုက်မိတဲ့..
ပန်သီးတစ်လုံးလို…
ဧ၀ လည်း ဘယ်စီနေမှန်း မသိသလို..
ဗီးနပ်စ်က ငိုးခြင်းချတယ်…
ပပ၀တီက…ရင်ကွဲနာ ကျသတဲ့..
အတူတူပါဘဲ..
မည်သူစောင့် သည်
မစောင့် သည် ကိုအသာထား…
တားသူ ရှိရှိ…မရှိရှိ ကနောက်…
သူ့အလိုလို ဖြစ်တည်မှုမှာ…
ဒူးထောက်ပြီးရင်ဖွင့်ခဲ့
ဒဿဂီရိတောင် နှစ်သိမ့်သွားတယ် … ။
အမှောင်တွေ ဖုံး နေတဲ့
ငါရဲ့ ၀ဲဘက်ရင်အုံ ထဲက..သွေးတွေ..
ပြောင်းပြန် စီးး ဆင်း ရင်း…
လမ်းကြုံရင်…
အင်္ဂုလိမာလ ကို…
ပြောလိုက်ကြပါဗျာ..
ကျွန်တော့်မှာ လက်ညှိုးတစ်ချောင်း
ကျန်သေးတယ် ဆိုတဲ့ အကြောင်း
( မောင် အတီး )
Comment #2
အမှောင်တွေ ဖုံး နေတဲ့
ငါရဲ့ ၀ဲဘက်ရင်အုံ ထဲက..သွေးတွေ..
ပြောင်းပြန် စီးး ဆင်း ရင်း…
ဟ….ဟ….ဘယ်လို ဘယ်လို အမှောင်တွေ ဖုံး နေတဲ့
ငါရဲ့ ၀ဲဘက်ရင်အုံ ထဲက
စာကလုံးတွေ စမ်းသစ်တယ်လိုမြင်တယ် …ဒါမှမဟုတ် ကိုစာဖတ်အားနည်းသွားတာ လား
Comment #3
🙂
Comment #4
အဓိကတင်ဆက်ပြသသူတ်လိုက်ဇ
Comment #5
အဓိကတင်ဆက် ပြ သ သူ ဇတ် လိုက်
Comment #1
အင်း ပြောလိုက်ပါ့မယ်