မိဖြူ-ရွှေကြယ်မိုး
ကြိုးတိုတိုနဲ့ပဲ ချုပ်နှောင်လိုက်မယ်
ကိုယ့်အိမ်ကိုယ်ပြန်မရောက်ရင်လည်း နေပါစေ
ဘယ်နေ့ပဲရောက်ရောက်
နေ့ခင်းလေနဲ့ အသက်ရှုမ၀တာကို မေ့နေခဲ့တာ ကြာပြီ
ငါ့တစ်ကိုယ်စာနွံအိုင်ဟာ ငါမပိုင်တဲ့ တရားတစ်ခု
နှစ်တွေဘယ်လောက်ကြာကြာ ကိုယ့်ခြေရာကိုယ်ပြန်
မြင်နိုင်ရလောက်အောင် နက်လှချည့်
ငွေစက္ကူတစ်ရွက်နဲ့ရွေးထုတ်ယူလို့ မရတော့ဘူး
တစ်နေ၀င်တစ်နေထွက် လွယ်အိတ်တစ်လုံးရင်မှာပိုက်ပြီး
ဘ၀ကို မီးငြှိမ်းသွားနေရတာပါပဲ…တစ်ခါတစ်ခါ ကြုံတုန်းကြိုက်တုန်း
စကားတွေဖောင်ဖွဲ့ပစ်လိုက်တာကလွဲလို့ ငါ အခါခါသေခဲ့ပါပြီလေ
ညီမလေးပြည့်စုံနဲ့လည်း အဲ့ဒီ့လို စကားတွေဖောင်ဖွဲ့မပြောရတာ ကြာပြီ
ကိုယ့်ကိုယ်ကို ပြိုကျခဲ့ပြီးပြီဆိုတာကိုပဲ စီးကရက်ငွေ့တွေနဲ့ မေ့ပစ်နေရတယ်
အဲ့တာကို သိသိနေရတာနဲ့ပဲ သကြားလုံးတွေ ၀ယ်မစားဖြစ်တော့ဘူး
ပြန်မရောက်နိုင်တော့တဲ့ ရွာစဉ်တွေ၊ ကျေးလက်တွေ၊ မြို့ပြတွေ ထပ်လာပြီ
ဒီနောက်ပိုင်းမှာ ဘယ်လိုစာသင်ကျောင်းတွေ ပါလာဦးမယ်မသိ
အထက်ပိုင်းက တောင်တွေလည်း ငါ့ကိုမှတ်မိကြတော့မယ် မထင်ဘူး
ဒီတစ်နွေကုန်ရင်တော့ ဆရာဆေးလိပ်ဖြတ်မယ် မိဖြူ…။ ။
ရွှေ ကြယ် မိုး
Comment #2
တကယ်လား
By: ei lay at May 24, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟုတ်ကဲ့ ဆရာ
ဆေးလိပ်ဖြတ်လိုက်ပါတော့
ဖတ်သွားပါတယ် ဆရာ မလာတာကြာပေါ့နော်