နွေ
ဂိမာန်နွေလ ချိန်ခါကျလျှင်
သာစွရှုမော သည်မြိုင်ကြောဝယ်
ဥသြတွန်သံ ကြားရပြန်၍
ဖန်ဖန်ကြိုးစား မေ့ကာထားသည့်
တပါးရင်မှ ချစ်သူလှကို
မေ့မရနိုင် စိတ်မခိုင်ဘဲ
ယိုင်နဲ့ဘဝင် သူ့ပုံထင်သည်
ရင်မှာလွမ်းရ နွေကာလ။
သို့ဖြစ်ရကား နွေညများသည်
ငါ့အားနှိပ်စက် အိပ်ရေးပျက်၍
ရတက်မအေး တဆွေးဆွေးနှင့်
ွ
ငေးငေးမှိုင်မှိုင် မပျော်နိုင်ဘူး
ဦးညွှတ်ရိုသေ မြတ်စိန္တေထံ
ရည်သန်တောင်းဆု ဆန္ဒပြုသည်
ဥတုဂိမာန် လွန်စေသော် ……
်
်
Comment #2
ဖတ်သွားပါကြောင်း
By: မေပျို at May 25, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice