ဘယ် သူ လဲ
နွေလည်ခေါင် အေးဆက်တဲ့ လက်တစ်စုံနဲ့
ငါ့ နှလုံးသားကို ဖျစ်ညှစ် ဆုပ်ကိုင်ထားတယ်
မင်းဘယ်သူလဲကွယ်။
ဟော အလွမ်းမိုးတွေရွာနေတယ်
နှလုံးသားလေး မစိုအောင်
မိုးပေးထားတယ်
မင်းဘယ်သူလဲကွယ်။
ချစ်စရာဆောင်းနှင်းလေးတွေကြွေနေကြပြီ
နွေးထွေးတဲ့ အချစ်တွေနဲ့
လွှမ်းခြုံပေးထားပြန်တယ်
မင်းဘယ်သူလဲကွယ်။
နွေနွေ မိုးမိုး ဆောင်းဆောင်း
ရာသီမရွေး ချိန်မရွေးပဲ
ငါ့ကို ဘယ်သူစောင့်ရှောက်နေသလဲကွယ်။
နာကျင် ကူညီ ဖေးမ သူကို ဘယ်သူသူဟု
ငါမသိသော သူ့သဘောကို
ဘယ်ဘယ်သောသူသိလေမည်နည်း။
Comment #2
🙂
By: ei lay at May 25, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခုထိ မသိသေးဘူးပေါ့
အမြန်ဆုံးသိပါစေရှင့်