မြက်ခင်းပြင် အိအိလေးကို
ခြေဖ၀ါးနဲ့ နင်းသွားရင်တောင် ခြေရာတွေကျန်ခဲ့သေးတာပဲ..။
မင်းနင်းသွားတဲ့ ကိုယ့်နှလုံးသား
ဒဏ်ရာတွေ မကျန်ခဲ့ဘူးလို့ ကိုယ်မပြောလို….။
ဒီလိုမိုး ..ဒီလိုရေ..ဒီလိုလေထဲ
ကိုယ့်က မင်းခြေဆေးခဲ့ဖူး တဲ့ရေအိုင်ငယ်ပါ။
အဖျားသွေးက ၁၀၄ ဒီဂရီ
အလွမ်း အဆွေးသွေးကရော ဘယ်လောက်ဒီဂရီလဲ။
ကိုယ်ကမင်းရဲ့ မိုးဥိးကျမုန်တိုင်းထဲ
ကျိုးကျခဲ့တဲ့ သစ်ပင်မှန်း
ပတ်ဝန်းကျင်တစ်လောကလုံး
သိပေမယ့် ကိုယ်ကတော့ မရှက်လို
ကိုယ့်သမိုင်းအတွက်တော့
အနင်းခံ ဒဏ်ရာရယ်
ရေနောက်နေတဲ့ အိုင်ငယ်ရယ်
အဖျားသွေးနီနီ ရယ်
ကျိုးကြေခဲ့မှုများ ရယ်ကို
မင်းရေးပေးခဲ့တဲ့ အတိုင်း ကိုယ်သိမ်းဆည်း ထားဆဲ…။
အငွေ့
Comment #1
ကဗျာလေးက ထဲထဲ ၀င်ဝင်ရှိလှသဗျ
ခံစားသွားတယ်ဗျ။