(သူငယ်ချင်းတို့ရေ…ဒီစာမျက်နှာပေါ်မရောက်တာကြာပေမယ့် စာမျက်နှာလေးကတော့ အမြဲတမ်းလတ်ဆတ်နေဆဲနော်။အခု ကိုယ်တင်လိုက်တဲ့ကဗျာဟာ ရခိုင်ပြည်နယ် မောင်တောမြို့။ဘင်္ဂလားနယ်စပ်ကိုရောက်တုန်းကရေးထားတာပါ။ဘာကိုမှ၊ဘယ်သူ့ကိုမှ မရည်ရွယ်ပါ။ ကဗျာကို ကဗျာအဖြစ်သာ နားလည် ခံစားကြစေလိုပါတယ်။)
လရောင်အောက်မှာ ရှာရှာ
နေရောင်အောက်မှာရှာရှာ
ငြိမ်းချမ်းမှုမပါတဲ့ နည်းနာတွေနဲ့
ငါ့နှလုံးသားပိုင်နက်ကို နင် ခိုးဝင်ခဲ့တာ။
မှားယွင်းတဲ့ အစွဲအလန်းကြီးမှုကိုပဲ
သစ္စာတရားလိုလို အယုံသွင်း
ငါ့လည်မျိုကို ဓားနဲ့စင်းလို့
အမုန်းတရားအပြည့်နဲ့ ဂျီဟဒ်စစ်ခင်းချင်တဲ့ နင်ဟာ
ချစ်ခြင်းမရှိ
အကြင်နာမရှိတဲ့ ဘင်္ဂါလီမ။
အဖြူရောင်ဧည့်နိုင်ငံသားကဒ်နဲ့
ငါ့မျက်ဝန်းနယ်စပ်ကိုကျော်ဖြတ်
`လူ့အခွင့်ရေး´ ပုဒ်မအတင်းတတ်လို့
ငါ့ရင်ဘတ်နိုင်ငံတော်ကို သူပုန်ထချင်တဲ့ မိန်းမ
နင့်ရဲ့ နယ်ချဲ့ မီးတောက်တွေက အငြှိမ်းရခက်တယ်။
ငါဟာ…
လူသားချင်းစာနာတတ်သူပါ
ဒါပေမယ့်
ရရစားစား အကြံဥာဏ်အကျိုးအပဲ့တွေနဲ့
ငါ့ဦးနှောက်ထဲက သယံဇာတကိုလည်း နင်ခိုးခဲ့တယ်။
ငါ့ရင်ဘတ်ထဲက ဒဏ်ရာအနာတရကိုလည်း နင်ထိုးထည့်တယ်။
မငြှိမ်းသတ်နိုင်တဲ့ မီးတောက်တွေနဲ့
………………..သံသရာပြာစကိုလည်း နင်ပျိုးခဲ့တယ်။
အဲ့သလို
အဆိုးအကောင်းလည်း မသိ
အကျိုးအကြောင်းလည်း မကြည့်
ဗိုင်းရပ်အပြည့်နဲ့
…………….သူခိုးခေါင်းပဲရှိတဲ့ နင့်နှလုံးသားက
လူမှမပီသခဲ့တာ
ငါ စာနာနိုင်ပါ့မလား အနောက်သူမရယ်။
ဒီမယ် အနောက်သူမရယ်
ဘယ်ရင်ခွင်ကမှ လက်ခံမပေးနိုင်တဲ့
အကြမ်းဖက်ဆက်ဆံရေးစနစ်နဲ့တော့
ငါ့အချစ် ငါ့သံယောဇဉ်ကို ဈေးမဆစ်ပါနဲ့။
နင့်ကိုစွန့်လွှတ်လိုက်ရလို့
ငါ့မျက်ရည်က သွေးဖြစ်ချင် ဖြစ်ပါစေ
အဲ့ဒီသွေးစစ်စစ်တွေနဲ့ပဲ
ငါ့ မျိုးစောင့်တရား ငါရေးခြစ်လိုက်တော့မယ်။
Comment #1
အားပေးသွားပါသည်