ယုံ
ငါပြန်မလှည့်ကြည့်ဖြစ်တဲ့ အတိတ်တစ်စုံထဲမှာ
နင့်နာကျဥ်းချက်တွေလည်း မျောပါနေရောပေါ့
ကျကွဲ ပြိုပျက်သွားတဲ့ တစစီ ရဲ့ တရားခံ တစ်ယောက်
အနာဂတ်တွေတိမ်းမှောက်တော့မှ
နင့်လက်ဖ၀ါးကို မလှမ်းရက်…တော့
တခါက နင် ရှိနေခဲ့ဖူးတဲ့ ငါ့အရိပ်ကို ငါေ၀၀ါး
ငါတွေဝေသွားမိတဲ့ အချိန်ကလည်း ခပ်များများမို့ 
နောက်တခေါက်ဆိုတဲ့ စကားနဲ့ နင့်အနားငါပြန်မရောက်ဖြစ်ခဲ့ဘူး။
ထားနေကျ မဟုတ်လဲ ထားလိုက်ပါ
(တားထားတဲ့ မှင်နီရောင်စည်း ငါနှစ်သက်နေပါပြီ )
နင့်ကမ္ဘာမကြေစာရင်းထဲ ငါ့အမည် အရာမယွင်းပဲ ကျန်နေမိပါစေ ။
နင့်အပြင် နောက်ထပ် နင်တယောက်မှလည်း
လိုချင်စိတ်မရှိတတ်ခဲ့
ကဗျာတွေမရေးမိအောင်ကြိုးစားတယ်
ကဗျာတွေရေးပြီးဖွက်ထားတယ်
ငါ့ကဗျာတွေကို ငါယုယတယ်
ငါ့ကဗျာတွေကိုငါပြန်ချစ်တယ်
ငါကိုယ်တိုင်ပဲ ငါ့ကဗျာတွေကို ဂူပိတ် ပြာချလိုက်တယ်
အရူးဘ၀ မှာ အထူးငိုပြခွင့်တွေလည်း မရှိတော့
ရည်မှန်းချက်ကောင်းကောင်းလည်း မထားနိုင်ခဲ့ဘူး။
ခံယူချက်အတိမ်းအစောင်းတွေနဲ့ အသက်ရှုသံကိုထိမ်းကျောင်းနေရင်း
အဲဒီ လူပြောများတဲ့ အချစ်ကို စက်ဆုပ်ရွံရှာနေမိ
သ၀န်တိုနေဆဲ ငါ့အဖြစ်ကို ငါ နှုတ်ပိတ်ထား(ခဲ့)တယ်
ငါနောင်တတရားတွေနဲ့ ရှေ့ဆက်ဖို့  (သိပ်) အဆင်ပြေတယ်ဆိုတာ…(ယုံ) ။
Comment #2
I lovelove

Comment #3
I love all title,choice of words,thoughts,poem.
the nice creation is really excellent.
ကဗျာလေးတွေတော့မဖွက်ထားပါနဲ့နော်။
တောင်းပန်ပါတယ်နော်။
ကဗျာလေးတွေကိုမဖျက်ဆီးလိုက်ပါနဲ့နော်။
please.

Comment #5
နင်နဲ့ဝေးတဲ့ ရက်စွဲတွေအတွက်
ငါနောင်တတရားတွေနဲ့ ရှေ့ဆက်ဖို့  (သိပ်) အဆင်ပြေတယ်ဆိုတာ…(ယုံ) ။
…………………………
…..ယုံ………………….

Comment #6
ကျနော် အခုထိ အသက်မ၀င်သေးတဲ့ အတွက် တောင်းပန်ပါတယ် အမ…
သူ ကတော့ သက်ဝင်ဆဲ.. လတ်ဆတ်ဆဲ… 🙁 🙁

Comment #7
(တားထားတဲ့ မှင်နီရောင်စည်း ငါနှစ်သက်နေပါပြီ )
နင့်ကမ္ဘာမကြေစာရင်းထဲ ငါ့အမည် အရာမယွင်းပဲ ကျန်နေမိပါစေ ။

Comment #1
ယုံပါတယ်ဗျာာ။ မ မိုး အားပေးသွားတယ်။