မငိုပါနဲ့  …
မငိုပါနဲ့ 
မိုးသားတိမ်တွေ
ကြိတ်ကာမငိုနဲ့ 
နှလုံးသားလေးမိုးမိမယ် … ။
မျက်ရည်ကို ခိုစီးလို့ 
ပူပြင်းလှတဲ့  လွမ်းရက်တွေ
ချစ်သူပါးပြင်ထက်မှာ ကျဆင်းမနေပါနဲ့ 
ဂန္တ၀င်ဆန်တဲ့  မြန်မာမိန်းကလေးရဲ့ 
လှပ အေးမြတဲ့  သနပ်ခါးကွက်လေး
ပူလောင်နေပါအုံးမယ် … ။
ချစ်တဲ့သူရယ်
မငိုပါနဲ့  …
မည်သည့်အကြောင်းကြောင့်မှ
မငိုပါနဲ့  … ။
လက်ဖ၀ါးချင်းထပ်
မောင့်ပုခုံးတစ်ဖက်မှာ
ချစ်သူမှေးစက်လို့ နေပါ
ကမ္ဘာမြေဟာ အလှပဆုံး နုပျိုနေမယ် …
သက်တံတွေနဲ့ 
လိပ်ပြာကလေးတွေနဲ့ 
ပန်းကလေးတွေနဲ့  ….
……………………….
……………………….
မောင်နဲ့ မနဲ့  … ။
Comment #2
😀 ငိုနဲ့ တော့နော် 😛
Comment #4
<3
Comment #5
သြော်..
ဘယ်သူရေးသလဲမှတ်တယ် ဆရာကြီးရေးတာကိုး
ဘယ်သူ့ရေးလဲဆိုတာလည်းသိတယ်နော ဟဲဟဲ ~
With respect,
RAY
Comment #6
xD ဆရာကြီးမဟုတ်ဘူး
ဆရာမလေးရဲ့ … ပါ 🙂
Comment #1
ငိုတော့ဘူးကွယ် ခိခိ 😛