ရာဇ၀င်ထဲက ငါ
ငါဟာရဇ၀င်ထဲ က ဒသ၁ လိုပါပဲ
ထွက်မပြေးပါနဲ့လား
ငါနှလုံးသား အချစ်နယ်နမိတ်တည်းက
လွပ်လပ်ပျော်ရွင်ခြင်းတွေနဲ့
အရာရာဖြည့်ဆည်းပေးချင်တဲ့
ငါ့ အချစ်ဆန္ဒတွေကို မျက်ကွယ်ပြု လိုပေါ့ ၊
ခွင့်လွတ်ပါသီတာရယ်
အချစ်ကြောင့် အတ္တကြီးခဲ့တယ်လို့ ဆိုရင်ဆို
ဆုံးရှံးမှာကြောက်လို့
ရွေလှောင်အိမ်မှာ မထားချင်ဘဲထားခဲ့ ရတာပါ
မထိရက် မကိုင်ရက်
သစ္စာရှိရှိ နဲ့ စောင်စားခဲ့ရတဲ့
ဒသ၁ ရဲ့ ချစ်ခွင့်ပန်မူကို
အရေးမလုပ်ခဲ့တာ ဒသ၁ အပြစ်မတင်ပါဘူး ၊
အရုပ်ဆိုး အကျည်းတန်ပေမယ့်
ချစ်တတ်ခဲ့တဲ့ နှလုံးသားတစ်စုံကို
မင်း မမြင်ခဲ့တာတော့
ရင်နာတယ်သီတာရယ်……..၊
စရိုက်ကြမ်းပေမယ့်
ငါ့ ……..နှလုံးသား
ခပ်ပါးပါး ဖန်ခွက်ကလေး
ခွမ်းခနဲ….ကြေ…ကွဲ…ခဲ့ရပါတယ်ကွာ ၊
မဖိတ်ခေါ်ပဲ ရှင်ပြိုင်ခဲ့ရတဲ့
ချစ်သူ လုပွဲမှာ
အချစ်ကို မရပေမယ့်
အချစ်တွေပေးခဲ့ ရတာငါပါကွာ
ဒီကတည်းက
ငါဟာ….
မသတ်ခင်ကတည်းက သေခဲ့ရတဲ့နှလုံးသားနဲ့ သူပါကွာ ၊
နောက်မဆုတ်တော့ဘူး
တိုင်းပြည်နဲ့ အသက်ကိုပေး
နှလုံသားကို စတေး ပေမယ့်
ကံကြမ္မာ အသာမပေးလို့
ချစ်သူရဲ့ အပြုံးတစ်ပွင့်ကို မပန်စဉ်လိုက်ရတဲ့သူက
ရာဇ၀င်တွင်အောင် ချစ်ပြနိုင်ခဲ့တာတော့
ငါဂုဏ်ယူပါတယ်သီတာရယ်
နောင်ဘ၀ ဆိုတာရှိခဲ့ရင်
မျက်နှာသာအပေးမခံရတဲ့
လေးတင်ပွဲကို ပဲ
ငါ အကြိမ်ကြိမ် ကြီုးစားလို့
ချစ်ရေးဆိုနေဦးမှာပါ သီတာ(သို့)ရွေရည် ရယ်…….။ ။
Comment #1
သီတာသိစေသား