တိုက်ဆိုင်မှုရှိရင် ……..
လေအဝှေ့မှာ
သစ်ရွက်လေးတွေကြွေတာ ကြည့်ပြီး
ရင်ခုန်ရမယ့် အရွယ်လဲ
မဟုတ်တော့ပါဘူး
ငှက်ကလေးတွေရဲ့
တေးသီချင်းဆိုသံကို ကြားတိုင်း
ရင်ခုန်တတ်တဲ့အရွယ်လဲ လွန်ခဲ့ပါပြီ
ဒါပေမယ့်
သင်္ကြန်သီချင်းသံတွေကြားတိုင်း
သင်္ကြန်မှာဆုံတွေ့ခဲ့တဲ့ သူမကို
လွမ်းမိတာတော့ အမှန်ပဲဗျာ……
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရှာပုံတော်မင်းသားကြီး … တိတိတိ