အဆင်ပြေရင် ပြီးတာပဲမလား
အဆင်ပြေရင် ပြီးတာပဲမလား
အဆင်ပြေတဲ့နေရာကပဲ စလိုက်ရအောင်ဗျာ
ကျွန်တော်ဆိုတာက လူရာသိပ်ဝင်တာမဟုတ်ဘူး
မသိရကောင်းလားဆိုပြီး
ကိုယ့်မျက်နှာကို ကိုယ်မိတ်ဆက်
အမှတ်လဲမရှိသလို
မမှတ်မိလို့မှန်ကိုပြန်ကြည်
့
မုတ်ဆိတ်တွေ ပိုကြမ်းလာတယ်
ကျွန်တော်ကတော့လူကြမ်းပေါ့
ကောင်းခန်းရောက်တိုင်း သရုပ်ပျက်ရတယ်
ပရိတ်သတ်မကြိုက်တော့ ဗီလိန်ပေါ့
ဘာတွေမှလည်း မလိမ်လိုက်ရဘုး
ကိုယ်နဲ့စိတ်က နှစ်ပင်ပြန်လိမ်
လိမ်လည်မှုတွေ များလာတယ်ဆိုပဲ
အဆင်ပြေသလို ဆက်ကစားကြတာပေါ့
ကျွန်တော်ဆိုတာက ငအ တစ်ကောင်
အယောင်မဆောင်တတ်တော့
ထမင်းတစ်နပ်ကို ပွဲသေးပဲစားမယ်
သေးသေးမွှားမွှားတွေက စတာပေါ့
အကောင်းသေးသလောက် ဇ ပြင်းတယ်
အကောင်ကြီးသလောက် အချိန်မစီးဘူး
ကြက်သားတွေ ရေထိုးကြတယ်
လူတွေ တုပ်ကွေးမိတယ်
ကျွန်တော်ဆိုတာက စကားနည်းတဲ့ကောင်
တစ်ယောက်တည်းလည်း နေတတ်ပါစေ
မြွေမသေ တုတ်မကျိုးပေါ့
နေတတ်သလိုနေပါတော့တဲ့
အသည်းကွဲသီချင်းက ကီး မ၀င်ဘူး
ဝင်ချင်ဝင် ထွက်ချင်ထွက်
အများသုံးအိမ်သာတွေ နည်းနေတုန်း
ပြူံးတတ်အောင်တော့ သင်ထားပေါ့
မပြုံးတတ်ရင် မဲ့သလိုမြင်တယ်
ဖြစ်ချင်ရာ ဖြစ်ပါတော့ကွာ
မထူးဇာတ်မှာ ကျွန်တော်က မင်းသားမဖြစ်ချင်ဘူး
ပြောရင်းဆိုရင်း ဗီလိန်ပြန်ဖြစ်တယ်
အဆင်ပြေတုန်းပါပဲ
ဘတ်(စ်)ကားစီးတယ်
လက်ဖက်ရည် ရိုးရိုးတစ်ခွက်
တစ်ယောက် တစ်ဝက်ပေါ့
နေတတ်ရင် ကျေနပ်စရာ
နောက်ဘ၀ ဆိုတာ အဝေးကြီး
ပြောရင်းဆိုရင်း ဒီစကား ငရဲလားတယ်။ ။
မုတ်ဆိတ်တွေ ပိုကြမ်းလာတယ်
ကျွန်တော်ကတော့လူကြမ်းပေါ့
ကောင်းခန်းရောက်တိုင်း သရုပ်ပျက်ရတယ်
ပရိတ်သတ်မကြိုက်တော့ ဗီလိန်ပေါ့
ဘာတွေမှလည်း မလိမ်လိုက်ရဘုး
ကိုယ်နဲ့စိတ်က နှစ်ပင်ပြန်လိမ်
လိမ်လည်မှုတွေ များလာတယ်ဆိုပဲ
အဆင်ပြေသလို ဆက်ကစားကြတာပေါ့
ကျွန်တော်ဆိုတာက ငအ တစ်ကောင်
အယောင်မဆောင်တတ်တော့
ထမင်းတစ်နပ်ကို ပွဲသေးပဲစားမယ်
သေးသေးမွှားမွှားတွေက စတာပေါ့
အကောင်းသေးသလောက် ဇ ပြင်းတယ်
အကောင်ကြီးသလောက် အချိန်မစီးဘူး
ကြက်သားတွေ ရေထိုးကြတယ်
လူတွေ တုပ်ကွေးမိတယ်
ကျွန်တော်ဆိုတာက စကားနည်းတဲ့ကောင်
တစ်ယောက်တည်းလည်း နေတတ်ပါစေ
မြွေမသေ တုတ်မကျိုးပေါ့
နေတတ်သလိုနေပါတော့တဲ့
အသည်းကွဲသီချင်းက ကီး မ၀င်ဘူး
ဝင်ချင်ဝင် ထွက်ချင်ထွက်
အများသုံးအိမ်သာတွေ နည်းနေတုန်း
ပြူံးတတ်အောင်တော့ သင်ထားပေါ့
မပြုံးတတ်ရင် မဲ့သလိုမြင်တယ်
ဖြစ်ချင်ရာ ဖြစ်ပါတော့ကွာ
မထူးဇာတ်မှာ ကျွန်တော်က မင်းသားမဖြစ်ချင်ဘူး
ပြောရင်းဆိုရင်း ဗီလိန်ပြန်ဖြစ်တယ်
အဆင်ပြေတုန်းပါပဲ
ဘတ်(စ်)ကားစီးတယ်
လက်ဖက်ရည် ရိုးရိုးတစ်ခွက်
တစ်ယောက် တစ်ဝက်ပေါ့
နေတတ်ရင် ကျေနပ်စရာ
နောက်ဘ၀ ဆိုတာ အဝေးကြီး
ပြောရင်းဆိုရင်း ဒီစကား ငရဲလားတယ်။ ။
နေသွေး
ညနေ (၅)နာရီ၊ ၁၆၊၃။၂၀၁၀။
Comment #2
အဆင်ပြေရင် ပြီးတာပဲမလား..!!!!! So Good

Comment #3
အများသုံးအိမ်သာတွေ နည်းနေတုန်း
ပြူံးတတ်အောင်တော့ သင်ထားပေါ့
မပြုံးတတ်ရင် မဲ့သလိုမြင်တယ်
ဖြစ်ချင်ရာ ဖြစ်ပါတော့ကွာ
မထူးဇာတ်မှာ ကျွန်တော်က မင်းသားမဖြစ်ချင်ဘူး
ပြောရင်းဆိုရင်း ဗီလိန်ပြန်ဖြစ်တယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျွန်တော်ဆိုတာက ငအ တစ်ကောင်
အယောင်မဆောင်တတ်တော့
ထမင်းတစ်နပ်ကို ပွဲသေးပဲစားမယ်