ရစ်သမ်မှားတဲ့မိုနိုလော့ဂ်
မာနလှိုင်းထန် နင့် ပင်လယ်ထဲ
ငါ့ အချစ်လှေနစ်မြုပ်
ရာဇ၀င်ထဲက နတ်သမီး
ငါ မတမ်းတမိဘူး
နင့် နှလုံးသားမြေလွတ်မြေရိုင်း
ငါ့ထက်အရင် ပျိုးတဲ့ပန်းရှိနေနှင့်တာလား…
မချစ်နိုင်ဘူးဆိုလဲ ဖြစ်တယ်
လုံးဝမချစ်နိုင်ရင်လဲ ဖြစ်သေးတယ်
ဘာပဲဖြစ်ဖြစ်နင်သာငါ့ရဲ့
တစ်ဦးတည်းသော နတ်ဘုရားမလေးပဲ…
အနာသိဆေးရှိတယ် ဆိုရိုးရှိနှင့်ပေမယ့်
ငါ့အနာနဲ့ တည့်မည့်ဆေး နင်မတွေ့ သေးသရ်ျတော့
ကြိုတင်ဝယ်ထား ထမင်းစားပန်ကန်နှစ်ချပ်
တိုက်ချွတ်ဆေးကြော…နင့်ကို နေ့ တိုင်းလွမ်းတယ်…
လာမတားနဲ့ …
ဘာမတရားတာမှ မလုပ်ထားဘူး
နင့် ကိုချစ်နေရုံသက်သက်နဲ့ 
သိက္ခာခပ်ကြီးကြီးကို အကျခံခဲ့တာ။ ။ ။ ။
Comment #4
So nice.

Comment #5
အရမ်းမိုက်တယ်

Comment #7
ကြိုက်တယ်ဗျာ

Comment #8
လာမတားနဲ့ …
ဘာမတရားတာမှ မလုပ်ထားဘူး
နင့် ကိုချစ်နေရုံသက်သက်နဲ့ 
သိက္ခာခပ်ကြီးကြီးကို အကျခံခဲ့တာ” —မိုက်တယ်ကွာ

Comment #9
ကြိုက်တယ်

Comment #10
နင့်ကိုချစ်နေရုံ သက်သက်နဲ့
သိက္ခာခပ် ကြီးကြီးကို အကျခံခဲ့တာ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဖတ်သွားတယ် zz