ရင်ဝှက်သက်ပြင်း
လှိုက်ခနဲ့ တချက်တတ်လာတဲ့ သက်ပြင်း
ခပ်ပြင်းပြင်းနဲ့ ရင်ဝမှာဆောင့်တတ်တယ်
မကျက်သေးတဲ့ အနာက တဆစ်ဆစ်နဲ့
နှိုးထမှုတိုင်းမှာ နေခြည်နဲ့အတူ
နင်..ရောက်လာတတ်တယ်
ဒီလို မနက်ခင်းတွေဆို
အလွမ်းနဲ့ မျက်နှာသစ်နေကျပါ…
နင်ငါ့ရင်ခွင်ကို မမြင်ခဲ့တာက
ဘယ်ကနေ စခဲ့တာလည်း
ဒါမှမဟုတ် ဦးသူရှိနှင့်နေခဲ့လို့လား
သံယောဇဉ်တွေ ရောယှက်ထားပြီးမှ
အပေါစားဆန်ဆန် ချနင်းပြစ်လိုက်ပြီလား
ထိုင်နေရင်အကောင်းသား
ထကာမှ ကျိုးမှန်းသိရတဲ့ဘဝ
နောက်ကွယ်မှာတော့
ကောင်းကောင်းကြီးကို လှောင်နှင့်နေဦးမှာ
ငါ မတွေးပဲနဲ့ အတွေးထဲကို
အလိုလိုဝင်ရောက်နေတတ်ခဲ့ပြီလေ
ရင်ခွင်ကို ဦးညွတ်ပြီး လူးလွန့်နေတဲ့ဖြစ်စဉ်
သစ်ပင်တွေတောင် လှုပ်ရမ်းလို့
နင်မပွင့်ခဲ့တဲ့ ရင်ခွင်မှာ
ကြင်နာချင်ယောင်ဆောင်နေတဲ့
အလွမ်းမြေဇာပင်တွေရှင်သန်
ဖြတ်ပျံလာတဲ့ လေပြေလေးမှာ
နင့်ကိုယ်သင်းနံ့လေး စွန်းထင်
ဟာ…ငါလန်းဆန်းသွားသလိုနဲ့
မိန်းမော သွားတာပဲ
ငါရွတ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်
သံသရာ ဒီတစ်ကွေ့တွေ့ဆုံခိုက်ဝယ်
မူပိုပို ညိုပြာညက်ရယ်နဲ့
ရှက်ပါနဲ့ခေါင်းမော့
မင်းပြုံးရင်း ကိုယ်ကြည်နှုးတယ်
ဖူးစာဖက်ပေါ့တဲ့
အခုတော့ အကြောင်းရယ်ပြယ်
နှဖူးစာရွာလယ်လို့ ဖူးစာရယ်
ဒီချိန်များတော့ ငါတစ်ယောက်တည်း
လရောင်မရတဲ့ လမ်းမတွေလို
နင်းချင်ရာနင်းခံနေရတဲ့
တန်ဖိုးမဲ့ သဲတစ်ပွင့်များ ဖြစ်သွားချေပြီလား။
လွမ်းပိုင်ရှင်
Comment #2
ဟင့်
အဆွေးတွေကြီဲးပဲ
အရမ်းဆွေးသွားပြီ
Comment #1
ဖွဲ့နွဲ့ထားပုံလေးနှစ်သက်မိပါ၏