နဘေမညီတဲ့ တေးသွား
မိုးဆိုတာလည်း သစ္စာမရှိမှတော့
ပိတောက်ဆိုတာလည်း အဖူး၊ အငုံ ဘ၀သာပဲပေါ့ ။
အပူကို ကြောက်တတ်သူမှ
နွေလယ်ခေါင်ရဲ့ နေ့ပူပူထဲ ကန္တာရအလယ်မှာ ….
ရေကြည်တစ်ပေါက် ရဖို့အရေး
အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာအစုံကို ရောက်လို့ပဲ ။
တစ်ခါတစ်ခါ
ကျပျောက်သွားတဲ့ မျှော်လင့်ချက်တွေ ..
တစ်ခါတစ်ခါ
ပျောက်ဆုံးသွားတဲ့ သစ္စာတရားတွေ …
လူကို လူချင်း မလေးစားမှတော့
ဒီကမ္ဘာမှာ ရန်ပွဲတွေဆိုတာ ညိမ်းသတ်အုန်းမှာ မဟုတ်ဘူးလေ ။
ဒီလို ကာရံ နဘေ စီးဝါး ကိုက်ညီမှု မရှိတဲ့ ဘဒ္ဓကမ္ဘာထဲ
မျှော်လင့်ခြင်း လင်းရောင်ခြည်း ပျောက်ဆုံးမသွားခင် ….
သစ္စာပန်းပွင့်တွေ ရော်ဝါမသွားခင် ….
ရေကြည်ပေါက်လေးတွေ ခြောက်ခမ်းမသွားခင် …..
ဆိတ်သုန်းမှုတွေ များနေတဲ့ အခန်းငယ်ထဲ
အမှောင်ချပြီး တိတ်ဆိတ် ငိုကြွေးခြင်းကမှ သက်သာအုန်းမယ် ။
တိတ်ဆိတ်တဲ့ ည စစ်စစ်ရဖို့အတွက်
အမှောင်ထု ကြီးကြီးပဲ လိုအပ်တယ် ။
ကမ္ဘာတစ်ခုဟာ …. ပျက်သုန်းမှတော့
ရေ မလိုအပ်ဘူး ..
နေ မလိုအပ်ဘူး ..
လေ မလိုအပ်ဘူး …………
ပန်းအိ
Comment #3
မိုက်တယ်။
အရေး ကြီး ဆုံးက နားလည်မှူ နဲ့ စာနာပြီး ကိုယ် ချင်းစာပေးတတ်မှု ပဲနော်။
့
Comment #1
ဆန်းတယ် ကြိုက်တဟ်