အချစ်ရှာရင်း….(genius)
နှလုံးသားပေါ်
အက္ခရာတင်
လောလောလတ်လတ်
အချစ်ကို အပူပေးရင်တောင်
နင့်ကို ချစ်နိုင်တုန်းပါ ချစ်သူ။
ဒဏ်ရာတွေစာတင်
ပေကျံနေတဲ့
ပုရပိုက် ဖုန်ခါလိုက်ရင်
နင့်ကို မုန်းနိုင်သေးတယ် ချစ်သူ။
အစတည်းက
အချစ်ကို
လက်တက်စမ်း
ရှာချင်တဲ့ကောင်
ဒီကောင်(ကျွန်တော်)
မချစ်ဖူးလို့ မရူးဘဲ
အချစ်ထူးမို့ ရူးခဲ့ပြီလေ။
Comment #3
🙂
အ ချစ် ထူး လို့ ရူး ခဲ့ တာ ပါါ။
မိုက် တယ် ကွာ
By: ei lay at Jun 7, 2013
Comment #4
အားအကြီးကြီးပေးနေဆဲခင်ည
By: အသဲကွဲ မိုး at Jun 7, 2013
Comment #5
အလာကျဲပ့ါရှင်
By: မေပျို at Jun 7, 2013
Comment #6
အချစ်ထူးလို့ ရူးတာတဲ့လားဗျာ
မိုက်လေစွ မိုက်လေစွ
ကဗျာလေး အားပေးသွားပါကြောင်း ~~
လေးစားစွာဖြင့်
ရေး
By: X - ray at Jun 9, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ထူးထူးခြားခြားအချစ်တွေကြောင့်…. 🙁