“ပေးစာ ” ၊မင်းထက်ညိမ်း
“ပေးစာ”
မင်းထက်ညိမ်း
*စန်းပွင့်နေတဲ့ ခေါင်းအုံးလေးဟာ
ပျော်ရွှင်ခြင်း ကို ဖွင့် ဆောင်း ပြီး
“ မနက်ဖြန်များ ဆီသို့” တဲ့
အဲဒီလို လိပ်မူထား တယ်။
*ဟန်ချက်ညီညီ လွှဲယမ်းနေတဲ့ နာရီချိန်သီး
ဦး ဦးဖျားဖျား ထိုးဆိုက်ပွင့်ဖူးတဲ့ သစ္စာပန်း
အရာရာ ဟာ
လမ်းခွဲ မှာ ခြေငြိမ် ခဲ့ပြီ။
*၀ှက်ထားတဲ့ စာအိတ်တစ်လုံးရယ်
ဝှက်ထားတဲ့ တံဆိပ်ခေါင်းတစ်ခုရယ်
ဝှက်ထားတဲ့ လိပ်စာတစ်ခုရယ် ဟာ
တစ်မြို့တစ်နယ် ဆီသို့
ထွက်ခွာသွား ချေ ပြီ။
*စက်ဘီးစီးတတ်စ ငှက်တစ်ကောင်မှာမှ
ပျံသန်းစရာ ကောင်းကင် မရှိဘူး။
*ခေါ်သံ ၊အော်သံ တို့အား
သူ့ အလိုလို
ပြန်မထူး မိဘဲ နေတတ်ခဲ့ ပြီ။ ။
မင်းထက်ညိမ်း
June ၊ 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အား ပေး သွား ပါ သည်