အိမ်မက်နိဂုံး
ရေနစ်သူ …. ဝါးကူထိုး
လမ်းပျောက်သူကိုမှ .. လမ်းဖျက်လိုက်ချင်သတဲ့လား …
ဘာဖြစ်ဖြစ် ..
” သွေး” ဆိုတာ စကားပြောတယ်တဲ့
ဘာတဲ့ ..
ကိုယ့်လူ သူ့ဘက်သား ဆိုတာမျိုးတဲ့လေ
ဘာတွေ ဘာဖြစ်ဖြစ် ..
ကိုယ်ယုံကြည်သူရဲ့ ထိုးနှက်ချက်က
ဓါးတစ်လက်ထက် “ထက်” ခဲ့တယ်ဆိုတာလေးပါ ..
ပေးထားခဲ့သမျှ မေတ္တာတွေ .. စေတနာတွေ
အလျင်မပျက် စီးဆင်းနေပါစေတော့
လမ်းပျောက်နေတဲ့ ငှက်တစ်ကောင်အတွက်
အတောင်ချိုးခံထိမှတော့
မက်ခဲ့သမျှ အိမ်မက်တွေလည်း သေကုန်ပြီလေ
လူဆိုတာလည်း အိမ်မက်ကိုယ်စီနဲ့ ရူးသွပ်နေသူတွေချည်းမို့
ငါ … ဆို ….တာ…လည်း ..သေလူနဲ့…..မခြားပေါ့ ။
ပန်းအိ
ဇွန် ဝ၇၊ ၂ဝ၁၃ (၁ဝး၂၅)
Comment #3
🙂
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘာဖြစ်ဖြစ် ..
” သွေး” ဆိုတာ စကားပြောတယ်တဲ့
ဘာတဲ့ ..
ကိုယ့်လူ သူ့ဘက်သား ဆိုတာမျိုးတဲ့လေ
ဘာတွေ ဘာဖြစ်ဖြစ် ..
ကိုယ်ယုံကြည်သူရဲ့ ထိုးနှက်ချက်က
ဓါးတစ်လက်ထက် “ထက်” ခဲ့တယ်ဆိုတာလေးပါ ..
ပေးထားခဲ့သမျှ မေတ္တာတွေ .. စေတနာတွေ
အလျင်မပျက် စီးဆင်းနေပါစေတော့…
i like that. really really like these.